မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ(မော်လမြိုင်) တပ်ဖွဲ့ဝင်ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့် ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ(မော်လမြိုင်) တပ်ဖွဲ့ဝင်ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနား တက်ရောက်






မော်လမြိုင်၊ ဖေဖော်ဝါရီ ၁၁

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ (မော်လမြိုင်) တပ်ဖွဲ့ဝင်ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား/ကျောင်းသူများ စစ်ပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်ပညာရေးဒီဂရီကောလိပ်၊ ပညာညီလာခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ်၊ တပ်မတော်မှ အရာရှိကြီးများ၊ နယ်ဘက်မှ အရာရှိကြီးများ၊ တက္ကသိုလ်မှ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ ဆရာမများ၊ တပ်ဖွဲ့ဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်မှာ တက္ကသိုလ်အသီးသီးက တပ်ဖွဲ့ဝင် သင်တန်းသား/သင်တန်းသူများ စိတ်ပါဝင်စားစွာနဲ့ ဆန္ဒပြုတက်ရောက်ကြလို့ အများကြီးဝမ်းသာဂုဏ်ယူမိကြောင်း၊ တပ်ဖွဲ့ဝင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် နိုင်ငံတော်ကာကွယ်ရေးဆိုင်ရာအသိအမြင်များ ကျယ်ပြန့်စွာရရှိနိုင်ပြီး အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ကျရာနေရာဒေသအသီးသီးမှာ ထမ်းဆောင်တဲ့အခါ အတိုင်းအတာတစ်ခုအထိ အထောက်အကူများရရှိနိုင်မှာဖြစ်ကြောင်း၊ သင်တန်းကို နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်များ ပိုမိုရင့်သန်လာစေရန်အတွက် ရည်ရွယ်ပြီး ဖွင့်လှစ်လေ့ကျင့်ပေးသွားမှာဖြစ်ကာ အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်အနေဖြင့် တပ်ဖွဲ့ဝင် အခြေခံစစ်ပညာသင်တန်းများအား ၁၉၆၂ ခုနှစ်မှစ၍ ၂၀၂၀ ခုနှစ်အထိ တပ်ဖွဲ့ဝင် ကျောင်းဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူ ၄၇၁၉ ဦးအား ဖွင့်လှစ်လေ့ကျင့်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံတော်ကအားထားရတဲ့ သားကောင်း/သမီးကောင်းများဖြစ်အောင် အစဉ်တစိုက် အားထုတ်ကြိုးစားသွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ဌေးလွင်ဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၏ တပ်ရင်းအကြံပေးဥက္ကဋ္ဌ မော်လမြိုင်တက္ကသိုလ်ပါမောက္ခချုပ်မှ တပ်ဖွဲ့ဝင် ကျောင်းဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ဩဝါဒစကားပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက သင်တန်းအတွက်အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ပြီး ၂ဝ၂၄-၂ဝ၂၅ တက္ကသိုလ်ပညာသင်နှစ်၊ တက္ကသိုလ်များ (မော်လမြိုင်) တပ်ဖွဲ့ဝင် ကျောင်းဆရာ၊ ကျောင်းဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကာ သင်တန်းအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ပထမနှစ်၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းများ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး ၂ဝ၂၄-၂ဝ၂၅ပညာသင်နှစ်မှာ ပထမနှစ်အခြေခံစစ်ပညာသင်တန်းတွင် ကျောင်းဆရာ/ဆရာမ(၆)ဦး၊ ကျောင်းသား၊ ကျောင်းသူ(၁၂၄)ဦး၊ တပ်ဖွဲ့ဝင်ဆရာ၊ ဆရာမ(၃)ဦး စုစုပေါင်း (၁၃၃)ဦးတို့ကို စစ်ပညာများ သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။


စည်သူ 

#News #MNP 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)