အမေရိကန် အောက်လွှတ်တော်တွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲပြောဆိုမှုများအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန် အောက်လွှတ်တော်တွင် မြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ မမှန်မကန် စွပ်စွဲပြောဆိုမှုများအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ကြေညာချက်




ရက်စွဲ ။  ။ ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ (၅)ရက်

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီမြို့တော်၊ လွှတ်တော်အမတ်များရုံးတွင် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလ (၃)ရက် နေ့က မြန်မာနိုင်ငံနှင့်ပတ်သက်၍ ကြားနာပွဲပြုလုပ်ခဲ့ပြီး ကြားနာပွဲတွင် ပါဝင်သူများက မြန်မာနိုင်ငံ အခြေအနေနှင့် ပတ်သက်၍ ပကတိအခြေအနေမှန်ကို သိရှိနားလည်ခြင်း မရှိဘဲ အကြမ်းဖက်အဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများ၊ လိမ်ညာဖန်တီးရေးသား ဖြန့်ဝေနေသည့် မီဒီယာများမှ သတင်းအချက်အလက်များကို ကိုးကား၍ ပြောဆိုခဲ့မှုများသည် မြန်မာနိုင်ငံအတွင်းရှိ ဘာသာပေါင်းစုံ လူ့အ သိုက်အဝန်းကို ပဋိပက္ခဖြစ်ပေါ်စေရန် ရည်ရွယ်ချက်ရှိရှိ ဖန်တီးခြင်း ဖြစ်ပါသည်။

အဆိုပါ ကြားနာပွဲသို့ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဒူဝါလရှီလ အွန်လိုင်းမှ ပါဝင်တက်ရောက်ခဲ့ သည်ဟု သိရပြီး အကြမ်းဖက်ခေါင်းဆောင်အား တက်ရောက်ခွင့်ပြုခြင်းသည်လည်း အမေရိကန်အောက် လွှတ်တော်အမတ်များသည် အကြမ်းဖက်လှုပ်ရှားမှုကို အားပေးအားမြှောက်လုပ်နေသည်ကို ထင်ရှားစွာ ပြသရာ ရောက်ပါသည်။

ကြားနာစစ်ဆေးပွဲကို အမေရိကန်အစိုးရရဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ဥက္ကဋ္ဌ Stephen Schneck (စတီဖင်ရှန်ခ်) က တက်ရောက်မိန့်ခွန်းပြောကြားခဲ့ရာမှာ မြန်မာနိုင်ငံမှာ စစ်တပ် က အာဏာသိမ်းပြီးနောက်မှာ USCIRF က ဘာသာရေးလွတ်လပ်ခွင့်အတွက် စိုးရိမ်ရတဲ့နိုင်ငံ CPC အဖြစ် ၂၀၂၃ ခုနှစ်မှာ သတ်မှတ်ခဲ့တဲ့အကြောင်း၊ စစ်ကောင်စီဟာ အာဏာတည်မြဲဖို့နဲ့ သူတို့ မျှော်မှန်းထားသလို ဗုဒ္ဓဘာသာ အမျိုးသားရေးနိုင်ငံ တည်ထောင်နိုင်ဖို့ မြန်မာနိုင်ငံက ဘာသာရေး အသိုက်အဝန်းအားလုံးကို ဖိနှိပ်တိုက်ခိုက်နေပေမယ့်၊ ခရစ်ယာန် ဘာသာဝင်တွေ အများဆုံး ထိခိုက်ခံစားရကြောင်း မမှန်မကန် ပြော ဆိုသွားသည်ကို တွေ့မြင်ရပါသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် အမေရိကန်အစိုးရ လိုလားသော NLD ပါတီ မှ မဲလိမ်မဲခိုးမှုများ ကျူးလွန်ခြင်း ကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရပြီး ယနေ့ ၂၀၂၅ ခုနှစ်တိုင်အောင် အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက် လျက်ရှိပါသည်။ NLD ဦးဆောင်သူများသည် CRPH, NUG, PDF အကြမ်းဖက်အဖွဲ့ အမည်အမျိုးမျိုးဖြင့် လှုပ်ရှားခဲ့ပြီး အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၈၆၀၀ ကျော်အထိ ရက်စက်စွာ သတ်ဖြတ်ခဲ့ကြပါသည်။ သတ်ဖြတ်ခံရသူများထဲတွင် ဗုဒ္ဓဘာသာ သံဃာတော်များ၊ ကျောင်းဆရာ/ဆရာမများ၊ ကျန်းမာရေးဝန် ထမ်းများ၊ ကိုရင်ငယ်များ၊ သီလရှင်များ၊ ကျောင်းသား/ကျောင်းသူများ၊ ကိုယ်ဝန်ဆောင် မိခင်များကိုပါ သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါသည်။

တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေဖြင့် အကြမ်းဖက်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန်နှင့် ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်နေခြင်းကို စွန့်လွှတ်ပြီး ဥပဒေ ဘောင်အတွင်း ဝင်ရောက်ရန်အတွက်လည်း ၂၀၂၂ ခုနှစ်မှ စတင်၍ အကြိမ်ကြိမ် ဖိတ်ခေါ်ခဲ့ပါသည်။ CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ပူးပေါင်း၍ အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သည့် KIA, KNU, CNF, KNPP အစရှိသော လက်နက်ကိုင် အဖွဲ့များမှာ ခရစ်ယာန်ခေါင်းဆောင်များ ဖြစ်ပါသည်။ ၎င်းတို့ကိုယ်တိုင် NLD ပါတီဝင်များကို အကြမ်းဖက်သင်တန်းပေးပြီး အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ခြင်းကြောင့် ၎င်းတို့ နှင့် နီးစပ်သည့် ဒေသခံ ခရစ်ယာန်များ၏ လူမှုစီးပွားဘဝ ထိခိုက်ပျက်စီးဆုံးရှုံးရသည့် အခြေအနေ များ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပါသည်။

NUG, CRPH အပါအဝင် ခရစ်ယာန်များ ဦးဆောင်သည့် တိုင်းရင်းသားလက်နက်ကိုင် သောင်းကျန်းသူများ သည် အဓိကအားဖြင့် အမေရိကန်အစိုးရ၏ အထောက်အပံ့ကို ရရှိစေရန် မြန်မာနိုင်ငံတွင် ၎င်းတို့ ကျူးလွန် ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို လိမ်ညာဖုံးကွယ်ပြီး တပ်မတော် ဦးဆောင်သည့် အစိုးရက ဘာသာရေး ဖိနှိပ်မှုများ ကျူးလွန်နေသယောင် လိမ်ညာဝါဒဖြန့်သည်ကို အမေရိကန်အောက်လွှတ်တော်အမတ်များက ယုံကြည်လက်ခံခြင်းသည် ရိုးသားမှန်ကန်မှုမရှိပါ။

ယခုအခါ တပ်မတော်ဦးဆောင်သည့် အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရန် ရွေး ကောက်ပွဲ ကျင်းပပြီး ပြည်သူလူထု ရွေးကောက်တင်မြှောက်သည့် အစိုးရ ပေါ်ပေါက်လာစေရန် လုပ်ဆောင် လျက်ရှိပြီး NUG, CRPH နှင့် အပေါင်းအပါ လက်နက်ကိုင် သောင်းကျန်းသူများက ရွေးကောက်ပွဲကို အဖျက်အမှောင့်လုပ်ရန် လုပ်ဆောင်နေသည်ကို ဒီမိုကရေစီနိုင်ငံကြီး ဖြစ်သော အမေရိကန်နိုင်ငံမှ လွှတ် တော်အမတ်များအနေဖြင့် မှန်ကန်စွာ သိရှိနားလည်ရန် လိုအပ်ပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန် လူမျိုးရေး ဘာသာရေး ပဋိပက္ခဖန်တီးနေသူများမှာ တပ်မတော် မဟုတ်ဘဲ အမေရိကန်အစိုးရ၏ အထောက်အပံ့ကို ရယူ၍ အကြမ်းဖက်လုပ်ရပ်များ ကျူးလွန် နေသည့် NUG, CRPH နှင့် အပေါင်းအပါများက လုပ်ဆောင်နေခြင်းသာဖြစ်သည်။

ယခုကဲ့သို့ အမေရိကန် အောက်လွှတ်တော်အမတ်များ၏ အကူအညီဖြင့် ကြားနာပွဲဆောင်ရွက်ခြင်းသည် ဒေါ်နယ်ထရမ့် သမ္မတာဝန်ကို ရယူပြီးနောက်ပိုင်း ကူညီထောက်ပံ့မှုများ ဆက်လက်ရရှိစေရန် ရည်ရွယ်၍ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေမှန်ကို မျက်ကွယ်ပြု၍ လုပ်ကြံဖန်တီး ပြောဆို မှုများဖြင့် ကူညီထောက်ပံ့မှု ရရှိအောင် လုပ်ဆောင်သည့် မရိုးသားသည့် လုပ်ရပ်အဖြစ် ရှုမြင်သည်။

သို့ပါ၍ မမှန်ကန်သော အချက်အလက်များကို ကိုးကားပြီး အမေရိကန် အောက်လွှတ်တော်အမတ်များက မဟုတ်မမှန် စွပ်စွဲပြောဆိုခြင်း၊ မြန်မာနိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် လူမှုအသိုက်အဝန်းများကြား ပဋိပက္ခပေါ်ပေါက်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများအား ပြင်းထန် ပြတ်သားစွာ ကန့်ကွက် ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။


Myanmar National Network


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)