တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်




ထားဝယ် ,  ဖေဖော်ဝါရီ ၂၅

၂၀၂၅ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ယခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီများ ဖွဲ့စည်းထားရှိပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်နိုင်အောင်၊ အကြံဉာဏ်များ ရယူနိုင်ရေး အစည်းအဝေး ခေါ်ယူခြင်းဖြစ်ကြောင်း၊ လုံခြုံရေးလစ်ဟင်းမှုမရှိစေရေး၊ ဧည့်ခံကျွေးမွေးရေး၊ ပျော်ပွဲရွင်ပွဲများနှင့် ဖျော်ဖြေ ရေးများတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး၊ မဏ္ဍပ်ဆောက်လုပ်ရေး စသည့် နေရာများတွင် လိုအပ်သည်များကို ကြိုတင်ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း၊ မြန်မာ့ရိုးရာ ယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်သည်  မြန်မာ့ယဉ်ကျေးမှုဒြပ်မဲ့ဖြစ်သည့်အတွက် ယူနက်စကိုက အသိအမှတ်ပြုထားသောကြောင့် ပို၍စည်ကားမည့် သင်္ကြန်ပွဲတော်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် သင်္ကြန်ပွဲတော်တွင် အတိုင်းအတာတစ်ခုအထိ အောင်မြင်ခဲ့ကြောင်း၊ ထားဝယ်ဒေသတွင် ထူးခြားမှုအနေဖြင့် ကလေးသင်္ကြန် (၃)ရက်ရှိပြီး လူကြီးသင်္ကြန်(၃)ရက် စုစုပေါင်း (၆)ရက်ရှိကြောင်း၊  လာမည့်သင်္ကြန်ပွဲတော်တွင် ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုအနေဖြင့် မြန်မာ့ရိုးရာသနပ်ခါးနှင့် ဆက်စပ်ပြီး ပူးပေါင်းပါဝင်မည့် ဒေသခံပြည်သူများအား ဆောင်ရွက်ထားရှိရန် လိုအပ်ကြောင်း၊ တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှကို မဟာသင်္ကြန်ပွဲတော် ကာလအတွင်း အများပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ပျော်ရွှင်ချမ်းမြေ့ စိတ်လက် ပေါ့ပါးစွာဖြင့် ဖြတ်ကျော်ရန်၊ ပျော်ရွင်မှုများဖြင့် ဖြတ်ကျော်ရန်၊ ဘာသာသာသနာရေးများဖြင့် ဖြတ်ကျော်ရန်လိုအပ်ကြောင်း၊ ကျောင်းတွင်းသင်္ကြန် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းပြီး ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ တက်ရောက်လာသူများအနေဖြင့် ဖျော်ဖြေရေးနှင့် သင်္ကြန်မဏ္ဍပ်များတွင် စည်ကားသိုက်မြိုက်စွာဖြင့် အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်း ဆွေးနွေးပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီဝင်များက မဏ္ဍပ်ဆောက်လုပ်ရေးနှင့် အခမ်းအနားပြင်ဆင်ရေး၊ ဗဟိုသင်္ကြန်မဏ္ဍပ် ဖွင့်ပွဲ/ပိတ်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပရေး၊ ဖျော်ဖြေရေး၊ ဧည့်ခံကျွေးမွေးရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆိုနေရာချထားရေး၊ ရေကစားရေး၊ သင်္ကြန်ယိမ်းအက စိစစ်အကဲဖြတ်ရေးနှင့် ဆုချီးမြှင့်ရေး၊ ဖိတ်ကြားရေး၊ ပြန်ကြားရေးနှင့်သတင်းထုတ်ပြန်ရေး၊ ကျန်းမာရေး၊ လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး၊ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပရေး၊ သက်ကြီးပူဇော်ပွဲကျင်းပရေး၊ အန္တရာယ်ကင်းပရိတ်တရားတော် ရွတ်ဖတ်ပွဲ ကျင်းပ ရေး စသည့် လုပ်ငန်းများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။


ကျော်ကျော်လတ် 

#News # MNP

join- https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)