မြစ်သား ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ဆိုလာစနစ်ဖြင့် (၂၄) နာရီ လျှပ်စစ်မီးအသုံးပြုနိုင်ရေး တပ်ဆင်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် လျှပ်စစ်ဓာတ်အား ချွေတာနိုင်ရေးနှင့် (၂၄) နာရီ လျှပ်စစ်မီးပူဇော်နိုင်ရန် ရည်ရွယ်၍ ဆိုလာစနစ်သို့ပြောင်းလဲပြီး လျှပ်စစ်မီးပူဇော်နိုင်ရေးအတွက် KO DEDEE MOBILE & ELECTRONIC ကုမ္ဗဏီမှတာဝန်ယူတပ်ဆင်ပေးလျက်ရှိရာ DEYE 12 KW Three Phase အင်ပါတာဖြစ်ပြီးSOLAR BLUESUN 600W (14) ချပ်ရှိ၊ LIFEPO 4 BLU 16KWH 310Ah တပ်ဆင်ပေးလျက်ရှိသည်။ အဆိုပါ ဆိုလာစနစ်ဖြင့် ရွှေမုဋ္ဌောစေတီတော်ဘုရားကြီး ရင်ပြင်တော်နှင့် မုဒ်ဦးလေးမုဒ်တို့တွင် ပူဇော်ထားရှိသော (8000) ဝပ် အသုံးပြုလျက်ရှိကြောင်း၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ဘုရားကြီးတွင် ယခင်က လျှပ်စစ်ဓာတ်အားဖြင့်သုံးစွဲရာတွင် လျှပ်စစ်မီတာခ တစ်လလျှင် ကျပ် (၅) သိန်းခွဲ ကုန်ကျလျက်ရှိရာမှ ယခုဆိုလာစနစ်ဖြင့် ပြောင်းလဲဆောင်ရွက်သုံးစွဲရာတွင် ကျပ် (၃၀၀) သိန်း ကျော်ကုန်ကျသည့်အတွက် လျှပ်စစ်ဓာတ်အား လျော့နည်းသက်သာခဲ့ပြီး အဆိုပါ ဆိုလာစနစ်တပ်ဆင်ခြင်းလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လ (၂၅) ရက်နေ့တွင် လုပ်ငန်းများ စတင်အကောင်အထည်ဖော်ခဲ့ရာ ဖေဖော်ဝါရီလ (၂၅) ရက်ညမှ စတင်၍ အသုံးပြုပူဇော်သွားမည်ဖြစ်ကြောင်း ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ ဘုရားအကျိုးတော်ဆောင်ဂေါပကဥက္ကဋ္ဌ ဦးကံညွန့်ထံမှ သိရသည်။
ဝင်းမင်းထွန်း
#News #MNP
join-
https://t.me/MyanmarNationalPost
No comments:
Post a Comment