ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးအား ခရိုင်ရဲတပ်ဖွဲ့မှ နှိပ်စက်ညှဉ်းပမ်းသည့်အပေါ် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးအား ခရိုင်ရဲတပ်ဖွဲ့မှ နှိပ်စက်ညှဉ်းပမ်းသည့်အပေါ် ဥပဒေနှင့်အညီ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)






ပြည်သူ့စစ်တပ်ဖွဲ့ဝင် ကောင်းမြတ်စံ (ခ) မှန်ကြီး အား ၂၂.၂.၂၀၂၅ရက်နေ့ (၁၉ ၀၀)နာရီခန့်တွင် ပုသိမ်ကြီးမြို့နယ်၊ မဲကင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမူးရုံးတွင် အကြမ်းဖက်အဖွဲ့အစည်းများကို တားဆီးနိုင်ရေး အစည်းအဝေးပြုလုပ်နေချိန်တွင် ပုသိမ်ကြီးစခန်းမူးနှင့် နယ်ထိန်းခေါင်းဆောင်ပါ အဖွဲ့(၈)ဦးခန့်မှ ကား(၂)စီးဖြင့် ရောက်ရှိလာပြီး လိုက်ခဲ့ရန် ခေါ်ပါသည်။ ခေါင်းဆောင်အား အကြောင်းကြားမည်ဟု ပြောသည်ကိုပင် လက်မခံဘဲ ကားပေါ် အဓမ္မဆွဲတင်၍ ခေါ်ဆောင်သွားခဲ့ပါသည်။

ပြည်သူစစ်အုပ်ချုပ်ရေးတာဝန်ခံ ခလရ (၄)တပ်ရင်းအား အကြောင်းကြားခြင်း မရှိ၊ တိုင်းပြည်သူစစ်ဌာနေကိုလည်း အကြောင်းကြားခြင်းမရှိ။ ပြည်သူစစ်ခေါင်းဆောင်များကိုလည်း အကြောင်းကြားခြင်းမရှိပဲ လုပ်ထုံးလုပ်နည်းလုပ်ပိုင်ခွင့်ကို ကျော်လွန်၍ အတင်းအဓမ္မခေါ်ဆောင်သွားခြင်း ဖြစ်ပါသည်။

ပုသိမ်ကြီးစခန်းမှူးအား မေးကြည့်ရာ အောင်မြေသာဇံခရိုင်မှူးမှ ခေါ်ခိုင်း၍ ခရိုင်အပ်လိုက်ကြောင်းပြောပါသည်။

ခရိုင်မှူးအား ဖုန်းဆက်မေးမြန်းရာ ရဲတိုင်းလူကြီးများမှ ခေါ်ခိုင်းသည်ဟု ပြောကြားခဲ့ပြီး သူထံတွင်မရှိဟုပြောပါသည်။

(၂၃)ရက်မနက်ပိုင်းတွင် ရဲတိုင်းရုံးမှ တာဝန်ရှိလူကြီးများအား ဆက်သွယ်မေးမြန်းကြည့်ရာ ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်ကိုမျှ ခေါ်ယူစစ်ဆေး မေးမြန်းထားခြင်း၊ စစ်ဆေးရန်တာဝန်ပေးထားခြင်းမရှိကြောင်း သိခဲ့ရပါသည်။

၆။ သက်ဆိုင်ရာ စခန်း မြို့နယ်/ ခရိုင်/ တိုင်းတွင် မေးမြန်းရန် ခေါ်ယူထားခြင်းမရှိဟု သိရ၍ အကြမ်း

ဖက်အဖွဲ့များမှ ရဲတပ်ဖွဲ့အယောင်ဆောင်ကာ ဖမ်းဆီးသွားသည်ဟု သံသရဖြစ်မိ၍ နယ်မြေခံ ရဲစခန်းမှာ ပြည်သူစစ်တာဝန်ခံများမှ သွားရောက်တိုင်တန်းခဲ့ပါသည်။

လွန်ခဲ့သောတစ်နှစ်ခန့်က အလားတူဖြစ်စဉ်မျိုး မြင်းခြံခရိုင်၊ ပလုံကျေးရွာတွင် ပြည်သူစစ်အဖွဲ့ဝင်တစ်ဦးအား အကြမ်းဖက်အဖွဲ့စည်းမှ ရဲအယောင်ဆောင်ကာ လက်နက်သိမ်း ဖမ်းဆီးမူဖြစ်ပွားခဲ့ဖူးပါသည်။

လူပျောက်တိုင်ကြားသည့်အချိန်တွင် စခန်းမူးမှ အောင်မြေသာဇံခရိုင်မှူး (ဦးစိန်ယု)မှ ဖမ်းဆီးခိုင်းသည်ဟုသိရှိရ၍ ဆက်သွယ်မေးမြန်းရာ တပ်နယ်မှူး ဖမ်းခိုင်း၍ တပ်နယ်မှူး အမိန့်မရ၍ မလွတ်သေးတာဟု ပြောပြန်ပါသည်။

တပ်နယ်မှူးကို ဆက်မေးကြည့်တော့ သူ့ကိုတင်ပြထားချင်းမရှိဟု ပြောကြား၍ စစ်တိုင်းဦးစီးချုပ်နှင့် နယ်လုံဝန်ကြီး ခိုင်းစေချက်ဟု ထပ်မံပြောဆိုပြန်ပါသည်။

လပခ-တိုင်းစစ်ဆင်ရေးဌာနကို ထပ်မံစုံစမ်းကြည့်တော့ ပြည်သူစစ်တပ်ဖွဲ့ဝင် တစ်ဦးကို ဖမ်းဆီးစစ်ဆေးခွင့် တောင်းခံထားခြင်း မည်သူတစ်ဦးတစ်ယောက်မှမရှိကြောင်း သိရပါသည်။

အမှတ်(၁)စခန်းမှူးကို မေးမြန်းကြည့်ရာ ခရိုင်မှူးက (CID)ပို့ပြီး စစ်ဆေးမည် မလွတ်သေးဟုပြောပါသည်။

(CID)ရဲမှူး ကိုစုံစမ်းကြည့်တော့ မတရားဖမ်းဆီးခံ ပြည်သူစစ်တစ်ဦးကို စစ်ဆေးရန်ညွှန်ကြားထားခြင်း မရှိကြောင်း သိရပါသည်။

ကိုယ်မြို့ ကိုယ့်ရွာ တည်ငြိမ်အေးချမ်းရေးအတွက် အသက်ကိုပဓာနမထားဘဲ တပ်မတော်နှင့် အတူ ကိုယ်စရိတ်ကိုယ့်စား အသက်စွန့်တိုက်ပွဲဝင်နေသော ပြည်သူစစ်တပ်ဖွဲ့ဝင်များကို တပ်မတော်အပေါ် အထင်မြင်လွဲမှားအောင် တပ်မတော်အရာရှိကြီးများနာမည်ကို အလွဲသုံးစားလုပ်ပြီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်ကို နှိပ်စက်ညှဉ်းပမ်းကာ တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်နေသူများကို မလိုလားသည့် ရဲအရာရှိများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ လုပ်ရပ်အပေါ် တာဝန်ရှိသူများအနေဖြင့် စစ်ဆေးအရေးယူပေးပါရန် လေးစားစွာ အနူးအညွတ် မေတ္တာရပ်ခံ တောင်းဆိုသည်။


ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး

(မှတ်ချက် - ရဲအရာရှိတစ်ဦးက အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်သွားပြီး အခန်းတစ်ခုအတွင်း မျက်စိအဝတ်စည်းကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အား ညှဉ်းပမ်းနှိပ်စက်ခဲ့ကြောင်း ကာယကံရှင်၏ ပြောကြားချက်ကို ဆက်လက်ဖော်ပြပေးပါမည်။)


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)