ကုလအစည်းအဝေးမှာ အမေရိကန်က ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က ရပ်တည်လိုက်ပြီတဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကုလအစည်းအဝေးမှာ အမေရိကန်က ယူကရိန်းကိစ္စနဲ့ပတ်သက်ပြီး ရုရှားဘက်က ရပ်တည်လိုက်ပြီတဲ့


ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ ) 

လွန်ခဲ့တဲ့ ၃ နှစ်က ရုရှားက ယူကရိန်းကို ကျူးကျော်တယ် ဆိုတဲ့ စွတ်စွဲချက်နဲ့ ကုလသမဂ္ဂ ညီလာခံတွေမှာ ရုရှားကို နိုင်ငံရေးအရ အပြစ်ပေးဖို့အတွက် အကြိမ်ကြိမ် တောင်းဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ မနေ့မနက်ကလုပ်တဲ့ အထွေထွေညီလာခံမှာတော့ အမေရိကန်က ရုရှားကို ၂ ကြိမ်တိုင်တိုင် ထောက်ခံခဲ့ပြီး ရုရှားဘက်က ရပ်တည်လိုက်လို့ ညီလာခံအတွင်း ချိန်ခွင်ညှာ ဘက်ပြောင်းသွားတာကို တွေ့လိုက်ရပါတယ်။ 

ယူကရိန်းကို မျက်နှာသာပေးပြီး ရုရှားကို ရှုတ်ချသည့် ဆုံးဖြတ်ချက်များကို ဝါရှင်တန်က ပြတ်ပြတ်သားသား မဲပေးခဲ့ပါတယ်။ မနက်ပိုင်တစ်ကြိမ် နဲ့ မွန်လွဲပိုင်း တစ်ကြိမ် ၂ကြိမ် မဲခွဲပြီး ဆုံးဖြတ်တဲ့ နေရာမှာ အမေရိကန်က ရုရှားဘက်ကို ရပ်တည်ခဲ့ပါတယ်။ 

အထွေထွေညီလာခံမှာ ရုရှားကို ပြစ်တင်ရှုတ်ချဖို့အတွက် မဲခွဲရာမှာ ထောက်ခံမဲ ၉၃ မဲ၊ ကြားနေမဲ ၆၅မဲ နဲ့ ကန့်ကွက်မဲ ၁၈ မဲ တို့ ရရှိခဲ့ပါတယ်။ ကန့်ကွက်မဲ ပေးတဲ့အထဲမှာ ရုရှား ရဲ့မဟာမိတ်တွေဖြစ်တဲ့ မြောက်ကိုရီးယား၊ ဆူဒန်၊ ဘီလာရုစ် တို့နဲ့ အတူ အမေရိကန်လည်း ပါလာပါတယ်။ ယူကရိန်း- ရုရှား စစ်ပွဲမှာ ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန်ဖို့ ထောက်ခံမှုတွေက နည်းပါးလာတာကို တွေ့လာရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ကြား တစ်ဘက်နဲ့ တစ်ဘက် ပြင်းထန်တဲ့ ရန်စမှုတွေက ကုလသမဂ္ဂမှာ မဲခွဲမှုအပေါ် သက်ရောက်မှုတွေ ရှိနေပါတယ်။ 

ယူကရိန်းရဲ့ ဥရောပ မဟာမိတ်နိုင်ငံတွေကတော့ အမေရိကန်က ရုရှားဘက်ကို ရပ်တည်ပေးလိုက်တာနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်မှုတွေ စတင်လာပါပြီ။ အရင်ကဆိုရင် ရုရှားကို ပြစ်တင်ရှုတ်ချမှုက ကြားနေ ၅မဲ နဲ့ ကန့်ကွက်မဲ ၁၀ မဲ လောက်ပဲ ရှိနေခဲ့တာပါ။ လက်ရှိက ကြားနေမဲတွေထဲမှာ ဗြိတိန်၊ ပြင်သစ်၊ ဒိန်းမတ်၊ ဂရိ နဲ့  စလိုဗေးနီးယားတို့ ပါဝင်လာပြီး ၊ အိန္ဒိယ၊ တရုတ် နဲ့ ဘရာဇီးနိုင်ငံတွေကတော့ ကန့်ကွက်မဲတွေထဲမှာ ပါလာပါတယ်။ 

ဗီတိုအာဏာသုံးနိုင်တဲ့ ပြင်သစ်နှင့် ဗြိတိန်တို့က ရုရှားကို အပြစ်မတင်ဘဲ “ပဋိပက္ခကို အမြန်အဆုံးသတ်ရန် တောင်းဆိုခြင်း”သာဖြစ်တယ်လို့ ကြားနေခဲ့ပါတယ်။ "ယူကရိန်း ပဋိပက္ခနဲ့ ပတ်သက်လာရင် အမေရိကန်ရဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ကျနော်တို့ အသိအမှတ်ပြုပါတယ်"လို့ ရုရှားနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ဗာဆီလီ နီဗန်ဇယာ က မဲပေးပြီးနောက် ပြောခဲ့ပါတယ်။ 

ယူကရိန်းသမ္မတ ဇီလင်စကီးသည် "အာဏာရှင်" ဖြစ်တယ်လို့ ထရမ့်က အိမ်ဖြူတော် ကနေ ပြောကြားပြီးနောက် ဝါရှင်တန်နှင့် ကိယက်ဗ်ကြား ဆက်ဆံရေး လျင်မြန်စွာ ဆိုးရွားလာခဲ့ပါတယ်။

ယူကရိန်းနှင့် အမေရိကန် ကြား ကြီးထွားလာနေတဲ့ ပြိုကွဲမှုက အမေရိကန်၏ လုံခြုံရေးအာမခံချက်ကို နှစ်၈၀ ကြာ မှီခိုအားထားရသော ဥရောပတိုက် အတွက် ထိပ်လန့်စရာ ဖြစ်လာပါပြီ။

 

REF: Fox 26

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)