ဒီအာကွန်ဂို သူပုန်ညွှန့်ပေါင်းအဖွဲ့တွေက အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ တောင်းဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီအာကွန်ဂို သူပုန်ညွှန့်ပေါင်းအဖွဲ့တွေက အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့ တောင်းဆို


ဖေဖော်ဝါရီ - ၂၅ ( အင်္ဂါနေ့ ) 

M23 စစ်သွေးကြွများ ပါဝင်သော ကွန်ဂို သူပုန်ညွန့်ပေါင်း Alliance Fleuve Congo (AFC) သည် နိုင်ငံ၏ အရှေ့ဘက်တွင် တိုက်ပွဲများ ချက်ချင်းရပ်ရန်အတွက် အစိုးရနှင့် ဆွေးနွေးရန် ပြင်ဆင်ထားကြောင်း အဆိုပါ အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

သူပုန်များနှင့် ကွန်ဂိုတပ်ဖွဲ့များကြား ယခုနှစ်စတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားပြီးကတည်းက ဗဟိုအာဖရိကနိုင်ငံ၌ ကလေးများနှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးစောင့်တပ်များ အပါအဝင် လူပေါင်း ထောင်နှင့်ချီ သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂက ပြောကြားခဲ့ပါတယ်။ 

AFC က "အကျပ်အတည်းအတွက် ညှိနှိုင်းဖြေရှင်းနည်း" နှင့် အဖြေရှာရန်အတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် တစ်ဖက်သတ် အပစ်အခတ်ရပ်စဲရေးကို လေးစားလိုက်နာရန် ကတိပြုထားကြောင်း ကြေငြာခဲ့တယ်လို့  X ဆိုရှယ်မီဒီယာမှာ စနေနေ့က ကြေငြာခဲ့ပါတယ်။ 

အဆိုပါ လှုပ်ရှားမှုသည် မကြာသေးမီက ပြုလုပ်ခဲ့သည့် ပူးတွဲ အရှေ့အာဖရိက အသိုက်အဝန်း (EAC)နှင့် အာဖရိက တောင်ပိုင်း ဖွံ့ဖြိုးတိုးတက်ရေး အသိုက်အဝန်း (SADC) ထိပ်သီး ဆွေးနွေးပွဲတွင် ရရှိခဲ့သည့် ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် လွယ်ကူချောမွေ့စေရန် ရည်ရွယ်ထားကြောင်းAFC ဘက်က ဆိုပါတယ်။  

“ဒီကောက်ချက်တွေက စစ်ပွဲမှာပါတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ်စဲရေးနဲ့ ကွန်ဂိုအစိုးရနဲ့ AFC/M23 တို့ကြား နိုင်ငံရေး ဆွေးနွေးပွဲတွေလုပ်ဖို့ တောင်းဆိုပါတယ်။ ဒီအချိန်မှာ အစိုးရအနေနဲ့ ဒီကောက်ချက်တွေကို အပြည့်အဝလေးစားပြီး အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ဆိုပါတယ်။ သီးခြားထုတ်ပြန်ချက်တစ်ခုတွင် သူပုန်မဟာမိတ်အဖွဲ့က ကွန်ဂိုတပ်ဖွဲ့များနှင့် ၎င်းတို့၏ မဟာမိတ် ပြည်သူ့စစ်များသည် နယ်မြေအများအပြားတွင် အရပ်သားများကို မြေပြင်နှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ အထူးသဖြင့် တောင် ကီဗူး ပြည်နယ်ရှိ ယူဗီရာ နဲ့ မီနမ်ဘွယ် ဒေသတွေမှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတယ် လို့  စွပ်စွဲခဲ့ပါတယ်။ 


REF - RT

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)