ဖေဖော်ဝါရီ - ၂၇ ( ကြာသပတေးနေ့ )
ယူကရိန်း- ရုရှား ပဋိပက္ခ ပြန်လည်ပြေလည်သွားရင် ရုရှားကစားသမားတွေကို အိုလံပစ်ပြိုင်ပွဲတွေမှာ ပြန်လည် ယှဉ်ပြိုင်ခွင့်ပေးမယ်လို့ အိုလံပစ်ပြိုင်ပွဲ ကြီးကြပ်ရေးကော်မတီ အဖွဲ့ဝင် ဆီဘတ်ရှန်ကိုး က ပြီးခဲ့သည့်အပတ်က ထုတ်လွှင့်ခဲ့တဲ့ သတင်းထောက် ပီးယာမော်ဂန် နဲ့ အင်တာဗျူးတွင် ပြောသွားပါတယ်။
အပြည်ပြည်ဆိုင်ရာအိုလံပစ်ကော်မတီ (IOC) ဥက္ကဋ္ဌအသစ် နေရာအတွက် လက်ရှိဥက္ကဋ္ဌ သောမတ် ဘတ်ချ် နေရာတွင် အစားထိုးရန် ယှဉ်ပြိုင်မည့် ကိုယ်စားလှယ် ၇ ဦးအနက်မှ တစ်ဦးဖြစ်တဲ့ ကိုး က အိုလံပစ်ပြိုင်ပွဲတွေမှာ ရုရှား ကစားသမားတွေကို တားမြစ်တာထက် ဝင်ပြိုင်ခိုင်းတာက ပိုကောင်းပါတယ်လို့ ဆိုသွားပါတယ်။ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ယူကရိန်းပဋိပက္ခ အရှိန်မြင့်လာပြီးနောက် ရုရှားနှင့် ဘီလာရုစ် အားကစားသမားများအား ယှဉ်ပြိုင်ခြင်းမပြုရန် IOC မှ တားမြစ်ခဲ့ပါတယ်။ နိုင်ငံတကာ အားကစားအဖွဲ့ချုပ်များကို လိုက်လျောညီထွေ ဖြစ်စေရန် အကြံပြုထားသောကြောင့် နိုင်ငံနှစ်ခုလုံးအား ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲအများစုတွင် ချန်လှပ်ထားခဲ့ပါတယ်။ နောက်ပိုင်းတွင် IOC သည် ရုရှားနှင့် ဘီလာရုစ် အားကစားသမားအချို့ကို ကြားနေအလံများအောက်တွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့သော်လည်း ယမန်နှစ် ပါရီအိုလံပစ်ပွဲတွင် ၎င်းတို့ကို တားမြစ်ထားခဲ့ပါတယ်။
“ငြိမ်းချမ်းရေးစာချုပ်တွေကို ရေးဆွဲဖို့က ကျွန်တော့်အတွက် မဟုတ်ပါဘူး၊ ဒါပေမယ့်… သဘောတူညီချက် တစ်ခုရပြီး နှစ်ဖက်စလုံးရဲ့ ကျေနပ်မှုနဲ့ ကိုက်ညီတဲ့ အခြေအနေမျိုးရောက်ရင် ရုရှားကစားသမားတွေကို ဘေးထုတ်ထားမဲ့ အစား ပြိုင်ပွဲတွေမှာ ပါဝင်ခိုင်းတာက ပိုကောင်းတယ်မဟုတ်လား” လို့ အိုင်အိုစီဥက္ကဋ္ဌ ဖြစ်လာပါက ရုရှားနိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရှိမရှိကို မေးမြန်းရာမှာ ကိုး က ပြောခဲ့ပါတယ် ။ IOC သည် အခြေအနေကို “အလွန်နီးကပ်စွာကြည့်ရှု” ရမည်ဖြစ်သော်လည်း ရုရှားကို ပြန်လည်လက်ခံရေးနှင့် ပတ်သက်ပြီး ပြဿနာမရှိကြောင်း ၎င်းကပြောပါတယ်။
REF - RT
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment