ယူကရိန်းရဲ့ နေတိုးအိပ်မက် စွန့်လွှတ်လိုက်ပါတော့လို့ ထရမ့်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းရဲ့ နေတိုးအိပ်မက် စွန့်လွှတ်လိုက်ပါတော့လို့ ထရမ့်ပြော


ဖေဖော်ဝါရီ - ၂၇ ( ကြာသပတေးနေ့ ) 

ယူကရိန်- ရုရှား စစ်ပွဲ နောက်ကွယ်က အဓိကအကြောင်းအရင်းမှာ ယူကရိန်းအနေနဲ့ မြောက်အတ္တလန်တစ်စာချုပ် အဖွဲ့ (နေတိုး ) ထဲကို ဝင်ဖို့လုပ်ဆောင်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်တာဖြစ်လို့ စစ်ပွဲကို ရပ်တန့်ဖို့အတွက် တစ်ခုတည်းသော လုပ်ဆောင်ချက်က ယူကရိန်းအနေနဲ့ နေတိုးအဖွဲ့ထဲကို ဝင်မယ်ဆိုတဲ့ အိပ်မက်ကို ဆက်မမက်ဖို့ လိုမယ်ဆိုပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသွားပါတယ်။ 

ယူကရိန်း နေတိုးအဖွဲ့ထဲကို ဝင်လိုက်တာနဲ့ ရုရှား ရဲ့ အနောက်တံခါးခြိမ်းခြောက်မှုကြီး က အကြီးကြီး ဖြစ်လာနိုင်တာ ဖြစ်လို့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအဖွဲ့ကို ရုရှားက အစဉ်တစိုက်ကန့်ကွက်ခဲ့တာပါ။ ယူကရိန်းပဋိပက္ခ နဲ့ ပတ်သက်လာရင် ထရမ့်က အရင်သမ္မတ ဘိုင်ဒန်ရဲ့ ထောက်ခံမှုကို အမြဲလို အပြစ်တင်ခဲ့ပါတယ်။ လက်ရှိ သူ့လက်ထက်မှာတော့ အဲ့လိုမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။ ယခုလအစောပိုင်းမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ကြာရှည်စွာ ဖုန်းပြောဆိုပြီးနောက် ထရမ့်က  ဗုဒ္ဓဟူးနေ့တွင် အိမ်ဖြူတော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ မှာ ထပ်လောင်းပြောသွားပါတယ်။ 

“နေတိုးလား ။ အဲဒါကို ငါတို့ မေ့ထားလို့ရပါတယ်” လို့ ဆိုပါတယ်။  မော်စကိုနဲ့ ကိယက်ဗ်တို့ကြား အလားအလာရှိတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်မှာ ဘာ "လိုက်လျောမှုတွေ" မျှော်လင့်နိုင်လဲလို့ မေးတဲ့အခါ ထရမ့်က “အခုမှ အစပဲ ရှိပါသေးတယ်။ ကျနော်တို့ လုပ်သင့်တဲ့ လိုက်လျောမှုတွေ လုပ်သလိုပဲ ရုရှားကလည်း လိုက်လျောမှုအချို့ ပြုလုပ်ရမှာပါ” လို့ ပြောသွားပါတယ်။ 


REF - RT

#MNP #News 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)