မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကျင်းပ




မြစ်သား၊ ဖေဖော်ဝါရီ ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု) သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာနရုံးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က အဖွင့်အမှာစကားပြောကြားရာ ဆောင်းသီးနှံအပြင် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာသီးနှံများ တိုးချဲ့စိုက်ပျိုးရေးနှင့် အထွက်ကောင်းမျိုးများပြောင်းလဲစိုက်ပျိုး စေရေးဆွေးနွေးမှာကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးခင်မောင်ဦးက စီမံကိန်းလုပ်ငန်းကို စုဖွဲ့စနစ်ဖြင့်ဆောင်ရွတ်စေရန်၊ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်လာစေရန်၊ မိသားစုဝင်ငွေများတိုးပွားစေရန်၊ အလုပ်ကိုင်အခွင့်လမ်းများတိုးပွားစေရန်၊ ဒေသထွက်ကုန်တွေကို အခြေခံပြီး စီးပွားရေးလုပ်ငန်းများလည်းပတ်စေရန်၊ စီးပွားရေးအရင်းမြစ်များ အစဥ်အဆက် မပြတ်ရရှိရေး၊ ဒေသအတွင်း စားနပ်ရိပ်က္ခာဖူလုံစေရေးနှင့်ဒေသအတွင်းအထောက်ကူပြုစေရန် ဆီထွက်သီးနှံ ဆောင်းသီးနှံနေကြာစိုက်ပျိုးရေးသွင်းအားစုများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ဒေသခံတောင်သူများကိုယ်စား‌တောင်သူ တစ်ဦးကကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ၂၀၂၄-၂၀၂၅ ခုနှစ်၊ ဆောင်းသီးနှံနေကြာနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ပြည်ထောင်စု)သွင်းအားစုပေးအပ်ခြင်းနှင့်ပတ်သက်၍ နိဂုံးချုပ် အမှာစကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။


ဝင်းမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)