ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ အုတ်ရေနုတ်မြောင်းနှင့် ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများသည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ ပီမိုးနင်းလမ်းနှင့် တပင်ရွှေထီးလမ်းအကြား ရန်ကုန်-ညောင်တုန်းကားလမ်းဘေးတွင် အင်ဂျင်နီယာဌာန(ရေစီးရေလာစီမံခန့်ခွဲမှု)က ရေစီးရေလာကောင်းမွန်စေရေးအတွက် အရှည် ၂၅၀၀ ပေ၊ အောက်ခြေအကျယ် ၆ ပေ၊ အနက် ၅ ပေခွဲ အပေါ်ဝအကျယ် ၈ ပေရှိ ဇလားပုံသဏ္ဌာန် အုတ်ရေနုတ်မြောင်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်း ကိုက်ညီစွာဖြင့် ပြီးစီးအောင်ဆောင်ရွက်ရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် လမ်းဘေးတွင် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိရန် စသည်တို့ကိုမှာကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး ဝန်ကြီးများသည် လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်၊ ဘုရင့်နောင် တိုးချဲ့ပန်းခြံအတွင်း အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)က ကွန်ကရစ်ခင်းကျင်းနေမှု အခြေအနေများကို ကြည်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment