လူမဲလှုတ်ရှားမှုကို ထောက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို ရာထူးမှဖြုတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူမဲလှုတ်ရှားမှုကို ထောက်ခံခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို ရာထူးမှဖြုတ်


ဖေဖော်ဝါရီ - ၂၃ ( တနင်္ဂနွေနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ချားလ်စ်ဘရောင်းအား ရာထူး မှ ထုတ်ပယ်လိုက်ပြီ လို့ သူ့ရဲ့ ကိုယ်ပိုင်Truth ဆိုရှယ်မီဒီယာ အကောင့်မှာ သောကြာနေ့က ရေးတင်ခဲ့ပါတယ်။ ချားလ်ဘရောင်းက အမေရိကန်စစ်တပ်မှာ အဲ့ဒိလိုအဆင့်မြှင့်ရာထူးတွေကို ထမ်းဆောင်ဖူးတဲ့ ဒုတိယမြောက် လူမဲတပ်မှူး ဖြစ်ပါတယ်။ သူက ၂၀၂၀ ကဖြစ်ခဲ့တဲ့ လူမဲလှုတ်ရှားမှုကို လူသိရှင်ကြား ထောက်ခံခဲ့ပါတယ်။ 

ဘရောင်းရဲ့ ရာထူးက အစိုးရအပြောင်းအလဲနဲ့ မဆိုင်ဘဲ အနားယူချိန်အထိ တာဝန်ထမ်းဆောင်ရတဲ့ ရာထူး ဖြစ်ပါတယ်။ သူရဲ့ အဖွဲ့က ၂၀၂၇ ကုန်မှပဲတာဝန်မှ အနားယူရမှာဖြစ်ပေမဲ့ အခုတော့ အဖြုတ်ခံ လိုက်ရပြီ ဖြစ်ပါတယ်။ ထရမ့်ကတော့ ဘရောင်းနဲ့ပတ်သက်ပြီး သူ့ရဲ့ အကောင့်မှာ နှစ်ပေါင်းများစွာ တာဝန်ကျေပြွန်စွာ ထမ်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးကို ကျေးဇူးတင်ကြောင်း ရေးသားခဲ့ပါတယ်။ 

မီဒီယာတွေကတော့ ၂၀၂၀ လူမဲအရေး ဆန္ဒပြပွဲတစ်ခုမှာ ဘရောင်းက သူ့ရဲ့ ဘတ်တံဆိပ်တွေကို ဆွဲဖြုတ်ပြပြီး သူတာဝန်ထမ်းဆောင်နေရတဲ့ ဌာနတွေမှာလည်း လူမျိုးရေးခွဲခြားမှုတွေ ဆက်ဆံခံနေရကြောင်း ပရိသတ်ကို ပြောဟောစည်းရုံးနေတဲ့ ဗီဒီယိုဖိုင်တစ်ခုက သမ္မတ ဆီကို ရောက်ပြီးနောက်မှာ အခုလိုပဲ ရာထူးက ရပ်နားခံလိုက်ရတာပဲလို့ ရေးသားဖော်ပြကြပါတယ်။ 

လူမဲလှုတ်ရှားမှု BLM ကို ၂၀၁၃ ခုနှစ်မှာ အသက်သွင်းလာတာဖြစ်ပြီး ၂၀၁၄ မှာ လူမဲ ၂ယောက်ဖြစ်တဲ့ မိုက်ကယ် ဘရောင်း နဲ့ အီးရစ်ဂါနာကို ရဲတွေက ဖမ်းဆီးနေစဉ်အတွင်း သတ်ဖြတ်သလိုဖြစ်သွားတဲ့ ကိစ္စမှာ လူမဲအရေးလှုပ်ရှားမှုက အမေရိကားမှာ ထင်ရှားကျော်ကြားလာပါတယ်။ ၂၀၂၀ မှာ ဂျော့ဖလွိုက် သေဆုံးရတဲ့ အလားတူဖြစ်စဉ်မှာလည်း အမေရိကားက ရဲတပ်ဖွဲ့တွေမှာ လူမျိုးရေး ခွဲခြားမှုက နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတယ်ဆိုတာကို ပြသနေပါတယ်။ 

ထရမ့်အစိုးရရဲ့ ကာကွယ်ရေးဝန်ကြီး ပီတီဟဂ်ဆက်သ်က “ကာကွယ်ရေး ဆိုင်ရာ အပြောင်းအလဲမှာ ပထမဆုံးအနေနဲ့ လုပ်ရမှာက ပူးတွဲ စစ်ဦးစီးချုပ်များရဲ့ ဥက္ကဋ္ဌ ကို အရင်ဆုံးဖြုတ်ရမှာပါ။ သူက ကျနော်တို့လှန်ရမယ့် ပထမဆုံး ဖဲကတ်ပါပဲ” လို့ ဆိုပါတယ်။

ထရမ့်ရဲ့ လုပ်ရပ်နဲ့ ပက်သတ်ပြီး အမေရိကန် အထက်လွှတ်တော်အမတ် လက်နက်ကိုင်ဝန်ဆောင်မှုကော်မတီဝင် ဂျက်ရိဒ်က “ယူနီဖောင်းဝတ်ထားတဲ့ ခေါင်းဆောင်တွေ သိထားရမှာက နိုင်ငံရေးလုပ်တော့မယ်ဆိုရင် တိုင်းအပြည်အပေါ် သစ္စာစောင့်သိဖို့ လိုတယ်ဆိုတာပါပဲ” လို့ဆိုပါတယ်။ 


REF - RT

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)