ဖေဖော်ဝါရီ - ၂၃ ( တနင်္ဂနွေနေ့ )
အီသီယိုးပီးယားလွှတ်တော်ဥက္ကဋ္ဌ အာဂျတ်နီဟူတီရှာဂါက ရုရှားတွေအနေနဲ့ အီသီယိုပီးယားက စီးပွားရေး လုပ်ငန်းရှင်တွေကို အခွင့်အရေးပေးရန် တိုင်းပြည်ထဲကို လာရောက်ရင်းနှီးမြုပ်နှံကြပါလို့ တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။
အာဒိစ်အာဘာဘာမြို့သို့ အလည်အပတ်ရောက်ရှိနေတဲ့ ရုရှား အထူးသံတမန် ကိုယ်စားလှယ်များနဲ့ အတူပါလာတဲ့ ရုရှားတီဗွီ သတင်းဌာနက တီရှာဂါကို အင်တာဗျူးလုပ်တဲ့နေရာမှာ သူက ရုရှားတွေ အီသီယိုပီးယားမှာ လာပြီး ရင်းနှီးမြုပ်နှံရင် အထူးအခွင့်အရေးတွေ ရမှာပါလို့ အလေးအနက်ထားပြီး ပြောသွားပါတယ်။
ရုရှားဖက်ဒရေးရှင်းကောင်စီ ဥက္ကဋ္ဌ ဗယ်လင်တီနာ မက်ဗီယန်ကို နဲ့ တွေ့ဆုံမှုတွင် နှစ်နိုင်ငံဆက်ဆံရေး၏ အဓိကကျသော ကဏ္ဍများ အထူးသဖြင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ခြုံငုံမိပြီး အလွန်အကျိုး ဖြစ်ထွန်းလာ နိုင်စရာရှိနေတယ်လို့ ဆိုပါတယ်။ "ရုရှားဆိုတာ အီသီယိုးပီးယားရဲ့ ကာလကြာရှည်စွာပေါင်းဖက်နေတဲ့ မိတ်ဆွေဖြစ်ပါတယ်" လို့ တီရှာဂါက နက်ရှိုင်းစွာ အမြစ်တွယ်နေသော သံတမန်ဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့ပါတယ်။
သို့သော် ရုရှားနှင့် အီသီယိုးပီးယားကြား ကုန်သွယ်မှု ချိန်ခွင်လျှာသည် ဒေါ်လာ သန်း ၂၀၀ ထက် မပိုကြောင်း စီးပွားဖြစ် ဖလှယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရန် လိုအပ်ကြောင်း ၊ အီသီယိုးပီးယား၏ လျင်မြန်သော စီးပွားရေး တိုးတက်မှုကို မီးမောင်းထိုးပြခြင်းဖြင့် တီရှာဂါက ရုရှားရင်းနှီးမြှုပ်နှံသူများကို အဓိက ကဏ္ဍများတွင် အခွင့်အလမ်းများ ရှာဖွေရန် တောင်းဆို ကြောင်း နဲ့ နည်းပညာ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးနှင့် IT တို့တွင် အီသီယိုးပီးယားရဲ့ အလားအလာကို သူကညွှန်ပြနိုင်ကြောင်း ပြောခဲ့ပါတယ်။
“အီသီယိုးပီးယားစီးပွားရေးရဲ့ မတူညီတဲ့ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ရုရှားရင်းနှီးမြှုပ်နှံသူတွေကို ဖိတ်ခေါ်ချင်ပါတယ်။ ရုရှားအတွက် အမြတ်အစွန်းများတဲ့ ပရောဂျက်တွေမှာ ရင်းနှီးမြှုပ်နှံမှု အလားအလာတွေ ရှိနေပါတယ်။ ဒါကြောင့် အာဖရိကအကြောင်း အနည်းငယ်သိသေးတဲ့ စီးပွားရေးလုပ်ငန်းဟာ ဒီအခွင့်အလမ်းတွေကို အခွင့်ကောင်းယူဖို့ လုံလုံလောက်လောက် ကြိုးစားအားထုတ်ဖို့ အရေးကြီးပါတယ်” လို့ နောက်ဆုံးပိတ် ပြောသွားပါတယ်။
REF - RT
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment