ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ (၉၈)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ (၉၈)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အားပေး






အင်းစိန်၊ ဖေဖော်ဝါရီ ၂၃

ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ (၉၈)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ် အဆိုပါ ဆေးတက္ကသိုလ်(၁)ဝင်းအတွင်း ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်အားပေးခဲ့သည်။

ရှေးဦးစွာ ဆေးတက္ကသိုလ်(၁)ရန်ကုန် (၉၈)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ်အခမ်းအနားကို ပါမောက္ခချုပ် ဒေါက်တာကျော်ရွှေနှင့် ဒုတိယပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ ဖဲကြိုးဖြတ် ဖွင့်ပေးသည်။

အခမ်းအနားတွင် ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ကျောင်းသားကျောင်းသူများက “မင်္ဂလာပါ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်၊ ပါမောက္ခချုပ် ဒေါက်တာ ကျော်ရွှေက အခမ်းအနားကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ကျောင်းသား၊ကျောင်းသူများ၏ တေးသီချင်းများ၊ အကအလှများ၊ တေးသံသာများဖြင့် သီဆိုဖျော်ဖြေတင်ဆက်ကြပြီး ဆေးတက္ကသိုလ်(၁)ရန်ကုန်၌ (၉၈)နှစ်မြောက် ကျောင်းမွေးနေ့ အထိမ်းအမှတ်အခမ်းအနားအတွက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများသည် ဆေးတက္ကသိုလ်(၁)ရန်ကုန်ကျောင်းဝင်းအတွင်း ပြသထားသည့် ပိုစတာ၊ နံရံကပ်စာစောင်ပြခန်းနှင့် ဈေးရောင်းပွဲတော်ကျင်းပသည့် ဆိုင်ခန်းများကို လှည့်လည်ကြည့်ရှုကြသည်။

၁၉၂၇ခုနှစ်မှ စတင်အုတ်မြစ်ချခဲ့သော ဆေးတက္ကသိုလ်(၁)ရန်ကုန်သည် ယနေ့ဆိုလျှင် ၂၀၂၅ ခုနှစ်တွင် (၉၈)နှစ်တိုင် ရှိပြီဖြစ်ပြီး အဆိုပါတက္ကသိုလ်သည် ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှုကို ဆောင်ရွက်နိုင်ရန်အတွက် ဆေးပညာသင်ကြားပို့ချပေးနေကာ ဆေးပညာရှင် ပေါင်းများစွာကို မွေးထုတ်ပေးလျက်ရှိကြောင်း သိရသည်။


ဇွဲထက်ကို

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)