နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လိုင်စင်မဲ့မော်တော် ယာဉ် ၆ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့၊ အုတ်ရှစ်ကုန်း အမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၂ မိုင် ၄ ဖာလုံရှိ ဒိုက်ဦးအဆင်း လမ်းခွဲ၌ ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ရာ ဒိုက်ဦးမြို့ဘက်မှ အမြန်လမ်းမကြီးဘက်သို့ မောင်းနှင် လာသည့် သထုံမြို့၊ ပေါ်တော်မူကျေးရွာနေ ကျော်လင်းထွဋ်(၂၆)နှစ်မောင်းနှင်ပြီး လဲ့အင်းရပ်ကွက်နေ စိုးမင်းပိုင်(၃၆)နှစ်လိုက်ပါလာသည့် MDY-21 2R/xxxx VANGUARD အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၊ ဘုရားကြီးမြို့၊ ဟံသာဝတီရပ်ကွက်နေ သိန်းဇော်ဦး(၂၄)နှစ်မောင်းနှင်လာသည့် KYN-7 6M/xxxx KLUGER အမျိုးအစားအဖြူရောင်မော်တော်ယာဉ်၊ ကျိုက်ထိုမြို့၊ မုပ္ပလင်ကျေးရွာနေ ပြည့်ဖြိုးနိုင်(၃၂)နှစ် မောင်းနှင်လာသည့် YGN-34 6Q/xxxx HIJET အမျိုးအစား အဖြူရောင် မော်တော်ယာဉ်၊ သထုံမြို့နယ်၊ ရွှေချောင်းရပ်ကွက်နေ စိုင်းမောင်မောင်(၂၉)နှစ်မောင်းနှင်လာသည့် MDY-11 2Q/xxxx HONDA Fit အမျိုးအစား အဖြူရောင်မော်တော်ယာဉ်၊ ပဲခူးမြို့၊ မြို့သစ်(၁) ရပ်ကွက်နေ တင်ဦး(၅၉)နှစ် မောင်းနှင်လာသည့် MDY-21 7P/xxxx TOYOTA WISH အမျိုးအစား အဖြူရောင်မော်တော်ယာဉ်နှင့် ပုဏ္ဏစုရပ်ကွက်နေ မောင်ညို(၄၈)နှစ်မောင်းနှင်လာသည့် YGN-34 4R/xxxx RVR အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့အား တွေ့ရှိသဖြင့် စစ်ဆေးခဲ့ရာ ယာဉ်နှင့် ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်များ ဖြစ်ကြောင်းသိရှိရသောကြောင့် ကျော်လင်းထွဋ်ပါ၇ ဦးအား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း၌ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် အသီးသီးအမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment