နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့က မကွေးမြို့နယ်နှင့် ရမည်းသင်းမြို့နယ်တို့၌ လိုင်စင်မဲ့မော်တော်ယာဉ် ၂ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့အဝင်(မြောက်ဂိတ်)၌ အမှတ်(၁၅)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေး ခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာဘက်မှမကွေးမြို့ဘက်သို့ မကွေးမြို့နယ်၊ ဖိုးလေးလုံး ကျေးရွာနေ အောင်ကိုဝင်း(၃၂)နှစ်မောင်းနှင်လာသည့် 9N/xxxx HONDA FIT SHUTTLE အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့်အထောက်အထား တစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့မော်တော်ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်ကိုဝင်း အား မကွေး နယ်မြေရဲစခန်း(ပ)၃၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း၊
အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၆ နာရီခွဲအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာအနီး ရမည်းသင်း-ရွှေမြင်တင်သွားလမ်း၌ ရမည်းသင်းမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များက ယာဉ်စစ်ဆေးခြင်းများဆောင်ရွက်နေစဉ် သိမ်ကုန်းကျေးရွာဘက်မှ ရမည်းသင်းမြို့ဘက်သို့ ပန်းတောင်းကျေးရွာနေ ကျော်ဆန်းဦး (၄၃)နှစ် မောင်းနှင်လာသည့် YGN-20 2E/xxxx SURF အနက်ရောင် မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ယာဉ်နှင့်ပတ်သက်သည့် အထောက်အထား တစ်စုံတစ်ရာပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် ကျော်ဆန်းဦး အား ရမည်းသင်းမြို့မရဲစခန်း(ပ)၄၃/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment