ဘိုကလေး၊ ဖေဖော်ဝါရီ ၂၈
ဗုဒ္ဓသာသနာတော် ထွန်းကားပြန့်ပွားရေးကိုရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဆရာတော် သံဃာတော်ကြီးများမှကြီးမှူးကာ (၄၅) ကြိမ်မြောက် ပရိယတ္တိ သာသနပါလ စာမေးပွဲ ဒုတိယနေ့အား ယနေ့နေ့လယ် (၁၂) နာရီမှ စတင်၍ ဘိုကလေးမြို့မ ဆွမ်းလောင်းဓမ္မာရုံကြီး၌ ကျင်းပဆောင်ရွက်လျက်ရှိသည်။
အဆိုပါ စာမေးပွဲအား ဖေဖော်ဝါရီလ (၂၇) ရက်နေ့မှ မတ်လ (၃) ရက်နေ့အထိ မွန်းတည့် (၁၂) နာရီမှ နေ့လယ် (၃) နာရီထိ (၅) ရက်တာ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့နယ်အတွင်းမှ သံဃာနှင့် ရှင်သာမဏေ (၂၅၀) ပါးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း၊ ယနေ့စာမေးပွဲ ဒုတိယနေ့တွင် အာဂုံတန်းများအနေဖြင့် သဒ္ဒါဘာသာ၊ ဥပစာတန်းများ၊ ပထမလတ်နှင့် ပထမငယ်တန်းများအနေဖြင့် ကစ္စည်းသဒ္ဒါဘာသာတို့အား ဖြေဆိုကြရကြောင်း၊ မတ်လ (၄) ရက်နေ့တွင် စာအောင်သံဃာတော်များနှင့် ရှင်သာမဏေများအား စာအောင်လက်မှတ်များကို စာအောင်ဆုနှင်းသဘင်ဖြင့် ချီးမြှင့်ဆက်ကပ်သွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ကြီးကြပ်ဆရာတော်များ၊ စာဖြေရှင်သာမဏေများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီး စာဖြေသံဃာတော်များနှင့် ရှင်သာမဏေများအား ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။
မိုးစက် (ဘိုကလေး)
https://t.me/MyanmarNationalPost
No comments:
Post a Comment