ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
နီပေါ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲတွင် ချန်ပီယံဆုရရှိခဲ့သည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည် ရောက်ရှိလာရာ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော် နှင့် ဇနီးဖြစ်သူ ဒေါ်ဌေးဌေးခိုင်၊ အမျိုးသမီးဘောလုံး ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စံပယ်ကြည်၊ ဒုတိယဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာခင်စောဦးနှင့် အဖွဲ့ဝင်များ၊ အခြားတာဝန်ရှိသူများနှင့် အားကစား ဝါသနာရှင် ပရိသတ်များက ဂုဏ်ပြုကြိုဆိုခဲ့သည်။
ထို့နောက် တာဝန်ရှိသူများက အောင်ပွဲရ ကစားသမားများ၊ အုပ်ချုပ်နည်းပြအဖွဲ့ဝင်များအား နှုတ်ဆက် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ပန်းစည်းများဖြင့် ကြိုဆိုခဲ့သည်။ ယင်းနောက် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကူးပြီး ဂုဏ်ပြုဆုကြေးငွေ ပေးအပ်ခဲ့သည်။
ဆက်လက်၍ အောင်ပွဲရ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ Novotel Yangon Max Hotel တွင် ဂုဏ်ပြုနေ့လယ်စာဖြင့် တည့်ခင်းဧည့် ခံခဲ့ပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲများ အောင်မြင်သည်အထိ ကြိုးစားသွားရန် တိုက်တွန်းပြောကြားခဲ့သည်။
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment