ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင်အတွင်း ‌ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် သီးထပ်စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ်ဝန်ကြီးချုပ် တနိုင်းခရိုင်အတွင်း ‌ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် သီးထပ်စိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများ၊ ဒေသခံများနှင့်တွေ့ဆုံ


တနိုင်း၊ ဖေဖော်ဝါရီ ၁၇

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသအတွင်း ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် ဒေသတွင်း စားဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ သီးထပ်စိုက်စွမ်းအား တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် အတူ ယမန်နေ့မွန်းလွဲ ၁ နာရီက တနိုင်းခရိုင်၊ တနိုင်းမြို့သို့ လေကြောင်းခရီးဖြင့် သွား ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် သယံဇာတ ရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်ထွေး၊ နိုင်ငံ့စီးပွားမြှင့်တင် ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကျေးရွာစီမံကိန်း ပြည်နယ်အဆင့် ကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များသည် ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ကျော်ဖုန်းအောင်၊ ‌ဒေသကွပ်ကဲမှုစစ် ဌာနချုပ်(တနိုင်း)နှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် တနိုင်းမြို့ ကင်ဆားရာရပ်ကွက်အတွင်းရှိ တနိုင်းခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စုပေါင်းရုံး မြေဧရိယာအတွင်း တည်ဆောက်လျက်ရှိသည့် (၂)ခန်းတွဲ (၃)ထပ် အရာထမ်း အိမ်ရာတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းခွင်အတွင်းရှိ ရှင်းလင်းဆောင်၌ (၂)ခန်းတွဲ (၃)ထပ် အရာထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ တင်ဒါအောင်မြင်ခဲ့သည့် မနော ရွှေစံအိမ်ကုမ္ပဏီမှ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တည် ဆောက်ရေး လုပ်ငန်းသုံးပစ္စည်းများ သယ်ယူရရှိမှု အခြေအနေများနှင့် လိုအပ်ချက်များကို မေးမြန်း ဆွေးနွေးကာ သတ်မှတ်ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ချိန်ပြီးစီးအောင် ဆောင် ရွက်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၅၇၉)သန်းဖြင့် တည်ဆောက်လျက်ရှိသည့် (၂)ခန်းတွဲ (၃)ထပ် RCC ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ် တည်ဆောက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် အဆိုပါ ရပ်ကွက်အတွင်းမှတစ်ဆင့် ကင်ဆားရာနှင့် ဆွတ်ငိုင်ရပ်ကွက်အတွင်း တနိုင်းမြို့၊ မြို့ကွက်သစ်တိုးချဲ့ဆောင်ရွက်သွားမည့် မြေလွတ်မြေရိုင်း ဧက (၁၀၀၀)ခန့်အား လျာထား  သတ်မှတ်ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများ၏ ရှင်းလင်းတင် ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က မြေယာကိစ္စရပ်များအပေါ် သတ်မှတ်လုပ်ထုံး လုပ်နည်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထိုမှတစ်ဆင့် တနိုင်းမြို့အဝင် ကင်ဆားရာရပ်ကွက်အတွင်းရှိ ‌ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (တနိုင်း)၏ တပ်နယ်ဘက်စုံစိုက်ပျိုးမွေးမြူရေးခြံသို့ သွားရောက်ပြီး ခြံဝင်းအတွင်းရှိ ကြက်ခြံများ၌ အသားစားကြက်များ မွေးမြူထားရှိမှုအခြေအနေများကိုလည်းကောင်း၊ ဘူးသီးပင်များ စိုက်ပျိုး အောင်မြင်ဖြစ်ထွန်းလျက်ရှိသည့် အခြေအနေများကိုလည်းကောင်း၊ နို့စားနွားများ စနစ်တကျ မွေးမြူ ထားရှိမှု အခြေအနေများနှင့် နွားစာအဖြစ် နေဗွီယာမြက်များ စိုက်ပျိုးထားရှိမှုများကိုလည်းကောင်း၊ ဥစားကြက်များ စနစ်တကျ မွေးမြူထားရှိမှု၊ အသားတိုးဝက်များ မွေးမြူထားရှိမှုနှင့် ခြံဝင်းအတွင်း တိုင်ထောင်ပဲပင်များ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်နေမှုအခြေအနေများကိုလည်းကောင်း လှည့်လည် ကြည့်ရှုစစ်ဆေးပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အခမဲ့ပေးအပ်သည့် တိရစ္ဆာန်အစာအိတ်များ နှင့် မွေးမြူရေးအထောက်အကူပြု ဆေးဝါးများကို ပေးအပ်ချီးမြှင့်ကာ တပ်နယ်ရိက္ခာအပြင် ဒေသတွင်း ရောင်းချပေးနိုင်မှုူ အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည့် မွေးမြူရေးဆိုင်ရာ နည်းပညာများနှင့် စိုက်ပျိုးရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များ ကူညီပေးနိုင်ရေး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလားတူ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ ဟူးကောင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသဝမ်းစာ ဆန်ဖူလုံရေးနှင့် စာဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက် ၉ နာရီကလည်း တနိုင်းမြို့ ဟူးကောင်းခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ဒေသခံတောင်သူများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းခရိုင်၊ ဟူးကောင်းဒေသအနေဖြင့် ရေခံမြေခံ ကောင်းမွန်ပြီး စိုက်ပျိုးဖြစ်ထွန်းသည့် ဒေသဖြစ်ပါကြောင်း၊ ယနေ့ မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေ ဖြင့် နိုင်ငံတော်၏ လမ်းညွှန်ချက်နှင့်အညီ ဒေသတွင်း စားရေရိက္ခာဖူလုံရေး၊ စားဆီဖူလုံရေးအတွက် ခရိုင်၊ မြို့နယ်များအလိုက် စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ တနိုင်းဒေသ ဝမ်းစာဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် မဖြစ်မနေ ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင်လည်း ဌာနဆိုင်ရာများအနေဖြင့် အဂတိကင်းရှင်းပြီး ရည်မှန်းချက်ပြည့်မီ အောင်မြင်အောင် လုပ်ထုံးလုပ်နည်းနှင့်အညီ အလေးအနက်ထား လိုက်နာဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း၊ မိမိတို့အနေဖြင့် လိုအပ်သည်များကို ဘဏ္ဍာနှစ်အလိုက် ဖြည့်ဆည်းပေးနိုင်ရေး စီမံဆောင် ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ယနေ့ ဒေသခံများအနေဖြင့် လိုအပ်ချက်များကို ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတင်ပြကြရန်လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမိုးဇော်လင်းက တနိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်နှင့် ဆီဖူလုံရေးအတွက် သီးထပ်စိုက်စွမ်းအား တိုးမြှင့်ဆောင်ရွက်နိုင်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ မတည်မှုဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဆန်စက်၊ ဆီစက်များ တိုးချဲ့တည် ထောင်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာကြသည့် ဒေသခံများက ရပ်ကွက်တွင်းလမ်းများ ဖောက်လုပ် ပေးနိုင်ရေး၊ ဘောလုံးကွင်းရရှိရေးနှင့် ဟူးကောင်းခန်းမအား အဆင့်မြင့်တင်တည်ဆောက်နိုင်ရေး၊ စိုက်ပျိုးရေးအတွက် မြေသြဇာနှင့် မျိုးစေ့လိုအပ်ချက်များကို တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီး ချုပ်က လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စပါးအခြောက်ခံ စက်ဝယ်ယူရန်၊ တန် (၂၀)ကျ စပါးကြိတ်စက်အဆင့်မြှင့်တင်ရန်၊ ဆီကြိတ်စက်များဝယ်ယူရန်နှင့် ဆောင်းသီးနှံစိုက်ပျိုးကြမည့်  တောင်သူများနှင့် လုပ်ငန်းရှင်များအတွက် ရင်းနှီးမတည်ငွေကျပ်သိန်း (၁၁၈၀)ကို လည်းကောင်း၊  ဒေသတွင်းရှိ ဌာနေတိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ဂျိမ်းဖော၊ လီဆူ၊ ရှမ်းနှင့် နာဂတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များအတွက် တစ်ဖွဲ့လျှင် ၅ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ်သိန်း ၂၀ ကို လည်းကောင်း၊ Grade-12 အောင်ချက်မြင့်မားရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော အထက်တန်းအဆင့်သင် ဆရာ/ ဆရာမ (၃၆)ဦးတို့အတွက် ချီးမြှင့်ငွေကျပ် ၃၆ သိန်းကို လည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကာ ဒေသတွင်း ဆန်ဖူလုံရေးနှင့် စားဆီဖူလုံရေးအတွက် ရည်မှန်းချက်ပြည့်မီအောင် အားလုံးကဝိုင်းဝန်းဆောင်ရွက်နိုင်ရေး ဖြည့်စွက်မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တနိုင်းမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း (Grade-12)အောင်ချက်မြင့်မားရေးအတွက် Grade-12 ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပေးလျက်ရှိရာ ဆရာ၊ ဆရာမများ နှင့် ကျောင်းသား/ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ကချင်ပြည်နယ် ၏ အောင်ချက်မြင့်မားတိုးတက်လာမှု အခြေအနေများနှင့် အောင်ချက်မြင့်မားရေးအတွက် စီစဉ် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းမှာကြားခဲ့ကြောင်း သိရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)