တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်


လက်နက်ကိုင်လမ်းစဉ်ကို မစွန့်လွှတ်လိုသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းအချို့သည် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်သမားများနှင့်ပူးပေါင်းပြီး ပြည်သူများကို အကြောက်တရားလွှမ်းမိုးလာစေရေးနှင့် ၎င်းတို့ထိန်းချုပ်နယ်မြေများချဲ့ထွင်နိုင်ရေးအတွက် နိုင်ငံရေးကိစ္စကို အကြောင်းပြပြီး အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကို တရားလက်လွတ်ဥပဒေမဲ့ လုပ်ဆောင်လျက်ရှိနေကြောင်း၊ ထိုကဲ့သို့ အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းကြောင့် နယ်မြေဒေသအချို့တွင် မတည်မငြိမ်ဖြစ်ခဲ့ရပြီး ဒေသခံများ၏ လူမှုစီးပွားဘဝနှင့် အသက်အန္တရာယ်များ ထိခိုက်ဆုံးရှုံးနေရခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် လက်နက်ကိုင်လမ်းစဉ်ကျင့်သုံးနေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက်အာဏာရရှိရေးကို လုပ်ဆောင်နေကြခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်လိုပြီး ဆင်ခြင်တုံတရားရှိသည့် ပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများကို ခြိမ်းခြောက်ခြင်း၊ အကြပ်ကိုင်ဖိအားပေးခြင်းများကို ပြုလုပ်နေသကဲ့သို့ နိုင်ငံတစ်ဝှမ်း အကြမ်းဖက်တိုက်ခိုက်မှုများ ပိုမိုပြုလုပ်နေကြသဖြင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်လိုကြသည့် ပြည်သူများ၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများနှင့် ပြည်သူပိုင်အဆောက်အဦများများစွာ ပျက်ဆီးဆုံးရှုံးနေကြရကြောင်း၊ ထို့ကြောင့်လည်း အေးချမ်းစွာနေထိုင်လိုကြသည့် အပြစ်မဲ့ပြည်သူများသည် နိုင်ငံရေးပြဿနာကို အကြမ်းဖက်လက်နက်ကိုင်နည်းလမ်းဖြင့် ရယူရန်ကြိုးစားနေကြသည့် အကြမ်းဖက်သမားသောင်းကျန်းသူများကို အလွန်ရွံရှာစက်ဆုပ်နေကြပြီဖြစ်ကြောင်း။

တပ်မတော်သည် ပြည်သူလူထုမှပေါက်ဖွားသည့် ပြည်သူ့တပ်မတော်ဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများ၏အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ရန်၊ နိုင်ငံတော်ကိုကာကွယ်ရန် အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပြီး တပ်မတော်က ဆင်နွှဲနေသည့် တရားသောစစ်အပေါ် တည်ငြိမ်အေးချမ်းရေးကိုလိုလားသည့် ပြည်သူလူထုတစ်ရပ်လုံးက ဝန်းရံထောက်ခံအားပေးနေသကဲ့သို့ သောင်းကျန်းသူ အမြစ်ဖြတ်ချေမှုန်းရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းတိုက်ဖျက်ရေးအတွက် ပြည်သူလူထု၊ အစိုးရ၊တပ်မတော်ပေါင်းစည်းအား၊ ညီညွတ်သော စိတ်ဓာတ်တို့နှင့် အတူတကွ လုပ်ဆောင်သွားကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခု တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျအောင် လုပ်နိုင်စွမ်းရှိသူများသည် ယင်းဒေသတွင်နေထိုင်ကြသည့် ဒေသခံများနဲ့ ဒေသခံအကြမ်းဖက်သမားများသာဖြစ်ကြောင်း၊ လက်နက်ကိုင်သောင်းကျန်းသူအကြမ်းဖက်အဖွဲ့များ၏ ဥပဒေမဲ့အကြမ်းဖက်လုပ်ရပ်များ၊ နယ်မြေချဲ့ထွင်ရေး တိုက်ပွဲဖော်ဆောင်လာမှုများကို တပ်မတော်အနေဖြင့် တည်ငြိမ်အေးချမ်းရေးကို လိုလားသည့် ဒေသခံပြည်သူများနှင့်ပူးပေါင်းပြီး တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားကြရမည်ဖြစ်ကြောင်း။


တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၈)သူရတပ်ခွဲ သင်တန်းဆင်းဂုဏ်ပြုစစ်ရေးပြအခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားသော မိန့်ခွန်း မှ -


#News #MNP  #Speech

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)