မန္တလေးတိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသားများ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသားများ EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဆင်းပွဲ ကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ၂၁-၂-၂၀၂၅ ရက်နေ့က နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆရာအတတ်သင်ကောလိပ် (TTTC ဘယ်လင်း)၌ ကျင်းပသည့် EV ပြုပြင်ထိန်းသိမ်းမှုသင်တန်း (၂/၂၀၂၅) ဆင်းပွဲအခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်သည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက သင်တန်းဆင်းများသည် သင်တန်းတွင် လေ့လာသိရှိခဲ့ကြသည့် EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့်သုံးစွဲနိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများနှင့် အသိပညာများကို လုပ်ငန်းခွင်များတွင် ထိရောက်စွာ ပြန်လည်အသုံးချကြရန်နှင့် ပြည်သူများအပါအဝင် EV Stakeholders များ၏ လက်ဝယ်အရောက် ထိရောက်ကျယ်ပြန့်စွာ ဖြန့်ဝေပေးနိုင်ရေး အလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် သင်တန်းဆင်းတစ်ဦးက သင်တန်းဆင်းများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး (TTTC ဘယ်လင်း) ကျောင်းအုပ်ကြီးက သင်တန်းဆင်းများထံ သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။

အခမ်းအနားသို့ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ နည်းပညာမြှင့်တင်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100၊ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့် သင်ထောက်ကူမော်ကျူးများဖြင့် ဖေဖော်ဝါရီ ၃ ရက်မှ ၂၁ ရက်အထိ သင်တန်းကာလ သုံးပတ်အတွင်းတစ်ပတ်လျှင် ငါးရက်၊ တစ်ရက်လျှင် ၆ နာရီနှုန်းဖြင့် လေ့ကျင့်ပေးခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ EV ကုမ္ပဏီများနှင့် ကားဝပ်ရှော့များမှ သင်တန်းသား ၁၉ ဦးနှင့် ဌာနဆိုင်ရာ သင်တန်းသားလေးဦး တက်ရောက်ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)