ဖေဖော်ဝါရီ - ၁၈ ( အင်္ဂါနေ့ )
မော်စကို အစိုးရနဲ့ ဝါရှင်တန် အစိုးရကြား ဆွေးနွေးမှုများ စတင်ရန်အတွက် ဆော်ဒီအာရေဗီးယားနိုင်ငံ ရီယက်မြို့မှာ ဒီကနေ့စပြီး ပြုလုပ်နေပါတယ်။ အဲ့ဒိဆွေးနွေးပွဲလုပ်ဖို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၄ - ၁၆ မြူးနစ်လုံခြုံရေး ညီလာခံ မှာ သဘောတူညီမှုစလုပ်ခဲ့တာပါ။ အဲ့ဒိပွဲမှာ အမေရိကန် - ရုရှားထိပ်သီးတွေ့ဆုံပွဲ သီးသန့်ဖြစ်လို့ ဥရောပခေါင်းဆောင်တွေကို ပါဝင်ခွင့် မပေးဘူးဆိုတာလည်း အမေရိကန်ဘက်က ထုတ်ပြန် ထားပါတယ်။
ရုရှား- ယူကရိန်း ငြိမ်းချမ်းရေးအတွက် မော်စကို - ဝါရှင်တန် ဆွေးနွေးပွဲ ဖြစ်သွားတဲ့အတွက် ဥရောပနိုင်ငံတွေရဲ့ ကြိုးပမ်းမှုက ဘုရားပြီး ငြမ်းဖျက်ပုံစံဖြစ်သွားပြီလို့ ဟန်ဂေရီနိုင်ငံခြားရေး ဝန်ကြီး ပီတာဇယာတိုက သတိပေးပြောကြားလိုက်ပါတယ်။ အဲ့ဒိကိစ္စနဲ့ ပတ်သက်ပြီး မနေ့က ပြင်သစ်နိုင်ငံ ပါရီမြို့မှာ အရေးပေါ်ထိပ်သီးဆွေးနွေးပွဲလုပ်ဖို့ ပြင်သစ်သမ္မမာခွန် က ဥရောပနိုင်ငံတွေက ခေါင်းဆောင်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။
တနင်္လာနေ့က ကာဇက်စတန်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဇယာတို က "အမေရိကန်- ရုရှား ဆွေးနွေးပွဲတွေ အောင်မြင်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်၊ ဒါက ယူကရိန်းမှာ အမြန်ဆုံး ငြိမ်းချမ်းရေးကို ဦးတည်နိုင်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ လွန်ခဲ့သည့်သုံးနှစ်အတွင်း စစ်မီးကိုတောက်လောင်အောင် အဆက်မပြတ်မီးထည့်နေသူများက ဒီကနေ့တော့ ပါရီမြို့မှာ စုဝေးနေကြပါပြီ”လို့ ပြောသွားပါတယ်။ သူက အီးယူနိုင်ငံတွေကို လွဲမှားသောနည်းဗျူဟာကိုသုံးတဲ့ လက်နက်ရောင်း စစ်ပွဲဈေးသည်နိုင်ငံတွေလို့ တံဆိပ်ကပ် ထားပါတယ်။
ထရမ့်သမ္မတဖြစ်လာချိန်မှာ ရုရှား- ယူကရိန်း အပစ်ရပ်ရေးက အလားအလာ ရှိနေတာကို မြင်လို့ စစ်ပွဲအတွင်း အမေရိကန် ပါဝင်ပတ်သက်မှုတွေကို လျော့ချလိုက်ပါတယ်။ ပြီးတော့ နေတိုးအဖွဲ့စစ်အသုံးစရိတ်တွေကို မြှင့်ပေးဖို့အတွက် တောင်းဆိုလိုက်ပြီး ၎င်းရဲ့ နိုင်ငံခြားရေးမူဝါဒကို အပြောင်းအလဲ စတင်လိုက်ပါတယ်။ ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့အတွက် အီးယူစစ်တပ်တွေ တပ်ဖြန့်ချထားမယ်ဆိုရင် ဘယ်အတိုင်းအတာထိပဲ ရမယ်ဆိုပြီး မြူးနစ်ညီလာခံမှာ စာတန်းတစ်စောင်ကို ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ ဗြိတိန် နဲ့ ပြင်သစ်က သူတို့ရဲ့ စစ်တပ်တွေကို ယူကရိန်းကိုလွှတ်ဖို့အတွက် အဆင်သင့်ပြင်နေပါတယ်။ ရုရှားစစ်တပ်တွေက ရှေ့တန်း စစ်မြေပြင်ကို ကျော်ဝင်လာပါက ငြိမ်းချမ်းရေး ထိန်းသိမ်းမှု ခေါင်းစဉ်အောက်ကနေ ယူကရိန်းမှာ အီးယူစစ်တပ် တွေ တပ်ဖြန့်ချထားမှုက တရားဝင်တယ်လို့ ဆိုပြီး ကြေညာထားပါတယ်။
ကုလသမဂ္ဂရဲ့ သဘောတူညီချက်လုပ်ပိုင်ခွင့် မပါဘဲ ယူကရိန်းမှာ နိုင်ငံခြားတပ်တွေ ချထားခွင့် မရှိဘူးဆိုတဲ့ အချက်ကို ရုရှားက ဆုပ်ကိုင်ထားတော့ ဝင်လာတဲ့ ဥရောပ စစ်တပ်တွေက ရုရှား ရန်သူဖြစ်သွားနိုင်ပါတယ်။ နောက်ဆုံး အဖြေက ယူကရိန်းနဲ့ အပစ်ရပ်ရေးက ဥရောပနိုင်ငံတွေ ဘေးရောက်သွားပြီး ရုရှား- အမေရိကန် ဆက်ဆံရေး အသစ်တစ်ရပ်ဖြစ်ထွန်းသွားနိုင်စရာပဲ ရှိပါတယ်။
REF: RT
#News #MNP #International
https://t.me/MyanmarNationalPost
No comments:
Post a Comment