ဇန်နဝါရီ - ၃၁ ( သောကြာနေ့ )
ဆွီဒင်တရားရုံး တစ်ခုက အရက်မူးပြီး ဒရုန်းမောင်းတဲ့သူကို အမေရိကန်ဒေါ်လာ ၃၀၀၀ နဲ့ညီမျှတဲ့ ဒေသသုံးငွေကို ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ အသက်၅၅ နှစ်အရွယ် အမျိုးသားက အရက်မူးနေပြီး ရေချိန်လွန်စစ်ဆေးချက် ၃ ခါလုံး ကျရှုံးခဲ့ပါတယ်။ သူက ဒရုန်း မပျံသန်းရ နယ်မြေအတွင်းကို ဝင်ရောက်ပြီးပျံသန်းမှုလုပ်ခဲ့တာကို စစ်ဆေးတွေ့ရှိလို့ အာဏါ ပိုင်တွေက ဖမ်းဆီးအရေးယူခဲ့ပါတယ် ။
ဆွီဒင်နိုင်ငံ အလယ်ပိုင်း Rättvik မြို့မှာ ဖြစ်ခဲ့တဲ့ အမှုက ဆွီဒင်နိုင်ငံမှာ ပထမဆုံး ဒရုန်းပျံသန်းမှုနဲ့ ပတ်သက်ပြီးဖမ်းဆီးအရေးယူမှု ဖြစ်ပါတယ် ။ ရဲတွေက ဒရုန်းကင်းမဲ့ဇုံအတွင်းမှာ ပျံသန်းနေတဲ့ ဒရုန်းတစ်စင်းကို တွေ့လို့ ခြေရာကောက်ထောက်လှမ်းမှုတွေကို ချက်ခြင်း လုပ်နိုင်ခဲ့ပါတယ်။ ဒရုန်းထိန်းချုပ်တဲ့ ပစ္စည်းများနဲ့ ဖမ်းဆီးရမိတဲ့ သူကို ဆက်လက်စစ်ဆေးမှုလုပ်ရင်း အရက်အလွန်အကျွံ သောက်ထားတာကိုလည်း တွေ့ရှိလိုက်ရပါတယ် ။ ဆွီဒင်မှာက အရက်အမူးလွန်နေတဲ့သူတွေကို တင်းတင်းကြပ်ကြပ် အရေးယူလေ့ ရှိပါတယ်။
REF - Breezy Scroll
#MNP #News #International #Sweden
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment