(၁၄)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၁၄)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲ ကျင်းပ

 



ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)၏ (၁၄)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမနနေ့က ရန်ကုန်မြို့တာမွေမြို့နယ်ရှိ Sky Star Hotel ၌ ကျင်းပသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်၊ ဥက္ကဋ္ဌဦးကြည်စိုးထွန်း၊ မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် အလုပ်အမှုဆောင်များ၊ ဂီတအစည်းအရုံးဝင်များ၊ ကန်တော့ခံသက်ကြီးဂီတပညာ ရှင်များနှင့် စာပေ၊ ရုပ်ရှင်၊ သဘင်မှ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ယင်းနောက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌက ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အထွေထွေအတွင်းရေးမှူးက သက်ကြီးပူဇော်ပွဲအတွက် လှူဒါန်းရရှိသော အလှူငွေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ မိသားစုက လှူဒါန်းသည့် ငွေကျပ်သိန်း ၁၀၀ ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို)ဥက္ကဋ္ဌက လက်ခံရယူသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က လှူဒါန်းသည့် ငွေကျပ် ၁၅၅ သိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်က လည်းကောင်း၊ ပြန်ကြားရေးဝန်ကြီးဌာနက လှူဒါန်းသည့် ငွေကျပ် သိန်း ၃၀ ကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

ယနေ့တွင် အလှူရှင်များက လှူဒါန်းငွေ စုစုပေါင်းငွေကျပ် ၄၁၆၉၀၀၀၀ ကို ပေးအပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ယင်းနောက် သက်ကြီးဂီတ ပညာရှင်များအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တက်ရောက်လာ ကြသူများက ပူဇော်ကန်တော့ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကန်တော့ခံသက်ကြီး ဂီတပညာရှင်များအား ကန်တော့ငွေနှင့် ကန်တော့ပစ္စည်းများပေးအပ်ကြပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သောသက်ကြီးဂီတ ပညာရှင်များကို အလုပ်အမှုဆောင်များက အိမ်တိုင်ရာရောက် လိုက်လံကန်တော့သွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းနောက် သက်ကြီးဂီတ ပညာရှင်များ၏ကိုယ်စား ဂီတပညာရှင်ကြီး စည်သူဒေါ်တင်တင်မြက ဩဝါဒစကားပြောကြားခဲ့သည်။          


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)