မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်းလောင်းကစားပြုလုပ်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးအရေးယူထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်၌ ငါးပစ်ဂိမ်းလောင်းကစားပြုလုပ်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးအရေးယူထား


နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ငါးပစ်ဂိမ်း လောင်းကစားပြုလုပ်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ကျွန်းတော်လမ်းဘေးရှိ ကျူးတဲအတွင်း၌ လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ မူဆယ်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါတဲအတွင်း၌ တွမ်ပိကော(၄၁)နှစ်နှင့် တစ်ရပ်ကွက်တည်းနေ မငြိမ်းငြိမ်း(၃၇)နှစ်တို့ ၂ ဦးအား ငါးပစ်ဂိမ်းစက် ၂ လုံး၊ မငြိမ်းငြိမ်းလွယ်ထားသည့် လွယ်အိတ်အတွင်းမှ ဂိမ်းအမှတ်ထည့်ရာတွင် အသုံးပြုသည့်ကတ် ၁ ခု၊ လောင်းကစားဒိုင်ပြုလုပ်ရာမှရရှိသည့် လောင်းကြေးငွေတို့နှင့်အတူ တွေ့ရှိ သိမ်းဆည်းရမိခဲ့သဖြင့် တွမ်ပိကောနှင့် ငြိမ်းငြိမ်းတို့ ၂ ဦးအား မူဆယ်မြို့မရဲစခန်း (ပ)၃၇/၂၀၂၅၊ လောင်းကစားဥပဒေပုဒ်မ ၁၇(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)