ဒေးဒရဲ၊ ဖေဖော်ဝါရီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး ပညာရပ်များ တွဲဖက်သင်ကြားသည့်ကျောင်းသို့ (Grade-9)အောင် ကျောင်းသား/သူများ တက်ရောက်နိုင်မည့် အခွင့်အလမ်းကောင်းများ အကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၁)နာရီအချိန်က ရွှေဘိုစုကျေးရွာနှင့် လေးအိမ်ကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)တို့၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဒုတိယဦးစီးမှူး ဒေါက်တာ မင်းမြတ်ကိုကိုက မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများရှိ (Grade-9) အောင် ကျောင်းသား၊ ကျောင်းသူများ မွေးမြူရေးဆိုင်ရာကျောင်းနှင့် တက္ကသိုလ်များသို့ တက်ရောက်နိုင်သည့် ပညာသင်အခွင့်အလမ်းများ၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းခဲ့ကြောင်း သိရသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုးနှင့်မွေးမြူရေး အထက်တန်းကျောင်းများကို အခြေခံပညာ အလယ်တန်း အဆင့် (Grade-9) ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများအား စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ သင်ယူခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ ခရိုင်(၅၀)၊ မြို့နယ်(၅၁)မြို့နယ်တို့တွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။
အေဇာလင်း
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment