ကော့သောင်းမြို့ အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်းတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ပညာပေးလှုပ်ရှားမှု ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့ အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်းတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို UNESCO ၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း တင်သွင်းနိုင်ရေး ပညာပေးလှုပ်ရှားမှု ဆောင်ရွက်






ကော့သောင်း၊ ဖေဖော်ဝါရီ ၁၈

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ယူနက်စကို၏ လူသားမျိုးနွယ်ဆိုင်ရာ ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (Representative List of the Intangible Cultural Heritage of Humanity) သို့ ၂၀၂၅ ခုနှစ် မတ်လမတိုင်မီ အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့များနှင့်ပတ်သက်၍ ပညာပေးအစီအစဉ်များကို  ဖေဖော်ဝါရီ (၇) ရက်နေ့မှစ၍ မတ်လ (၃၁) ရက်နေ့အထိ ဆောင်ရွက်လျက်ရှိရာ ကော့သောင်းမြို့ အ.ထ.က(ခွဲ) အ.လ.က (၂) ကျောင်းတွင် ယနေ့နံနက်ပိုင်းက မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာ လှုပ်ရှားမှုအစီအစဉ်များ ဆောင်ရွက်ခဲ့သည်။

မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ဆိုင်ရာများကို ပညာပေးဆောင်ရွက်ခဲ့ရာ အ.ထ.က (ခွဲ) အ.လ.က (၂) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးလင်းလင်းထိုက်က ကျောင်းသား၊ ကျောင်းသူများကို သနပ်ခါးသည် မြန်မာတို့၏ နေ့စဉ်ဘဝအတွက် အရေးပါကြောင်းနှင့် မြန်မာ့သနပ်ခါးသည် ကမ္ဘာတွင် ထူးခြားသည့် ဓလေ့တစ်ခုဖြစ်ကြောင်း၊ မြန်မာ့သနပ်ခါးဓလေ့၏ သမိုင်းကြောင်း၊ အစဉ်အလာယဉ်ကျေးမှုများ၊ သနပ်ခါး၏ အသုံးဝင်ပုံနှင့် အသုံးပြုပုံအကြောင်း၊ မြန်မာ့သနပ်ခါး၏ အကျိုးကျေးဇူးများကို ပညာပေးဟောပြောပြီး ဆရာ၊‌ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက ကိုယ်တိုင် သနပ်ခါးသွေးလိမ်းခြယ်ခြင်းနှင့် အချင်းချင်း အပြန်အလှန် ပျော်ရွှင်စွာ လိမ်းခြယ်ခဲ့ကြသည်။

သနပ်ခါးသည် မြန်မာ့ဒြပ်မဲ့ယဉ်ကျေးမှု စာရင်းဝင်ဖြစ်ပြီး ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့၏ မြတ်စွာဘုရားရှင်အား နံ့သာမီးဖြင့် ပူဇော်ကြသည့် ဓလေ့ထုံးတမ်းအစဉ်အလာကိုအစွဲပြု၍ ၂၀၂၁ ခုနှစ်တွင် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ မြန်မာ့သနပ်ခါး ယဉ်ကျေးမှုဓလေ့ကို ယူနက်စကိုတွင် အမည်စာရင်းတင်သွင်းနိုင်ရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုရှိရန် လိုအပ်လျက်ရှိပြီး မြန်မာ့သနပ်ခါးယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များတွင် နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်နိုင်ရန် သနပ်ခါးသုံးစွဲမှုနှင့်ပတ်သက် ၍  မိမိတို့၏သဘောထားများ၊ သနပ်ခါးသုံးစွဲရသည့် အကြောင်းအရင်းများကို စစ်တမ်းကောက်ယူ၍ UNESCO အသိအမှတ်ပြုရေးတွင် ပူးပေါင်းပါဝင်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)