ယူကရိန်းတွေက ရုရှားတွေကို ဖုန်းလိမ်လည်ခေါ်ဆိုမှု သန်းနဲ့ချီပြီးလုပ်ကာ တိုက်ခိုက်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းတွေက ရုရှားတွေကို ဖုန်းလိမ်လည်ခေါ်ဆိုမှု သန်းနဲ့ချီပြီးလုပ်ကာ တိုက်ခိုက်ခဲ့


ဖေဖော်ဝါရီ - ၂၆ ( ဗုဒ္ဓဟူးနေ့ ) 

စဘားဘဏ် ၏ အမှုဆောင်ဘုတ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ စတန်နီစလဗ် ကတ်ဇ်နီစတောဗ် က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် ငွေကြေးဆိုင်ရာ ဆိုင်ဘာလုံခြုံရေး ယူရာယ်ဖိုရမ်တွင် ရုရှားနိုင်ငံသားအားလုံး၏ ထက်ဝက်ကျော်သည် အမည်မသိနံပါတ်များမှ မလိုလားအပ်သော ဖုန်းခေါ်ဆိုမှုများကို အနည်းဆုံး တစ်ကြိမ် လက်ခံရရှိထားခဲ့တယ်လို့ ပြောပါတယ်။ နည်းပရိယာယ်အမျိုးမျိုးကို အသုံးပြု၍ ဖုန်းလိမ်လည်သူများသည် လူတစ်ဦးချင်းစီအား ငွေပို့ရန် သို့မဟုတ် တရားမဝင်သော လုပ်ရပ်များကျူးလွန်ရန် လှည့်စားခဲ့ကြပါတယ်။

 ဤခေါ်ဆိုမှုအများစုကို ပြုလုပ်တဲ့ ထောင်ပေါင်းများစွာသော ခေါ်ဆိုရေးစင်တာများသည် ရည်မှန်းချက် တစ်ခုတည်းဖြင့် လုပ်ဆောင်နေပြီး ယူကရိန်းနိုင်ငံမှဖြစ်ကြောင်း မသင်္ကာဖွယ် သားကောင်များထံမှ ငွေကြေး အများအပြားကို ထုတ်ယူခဲ့ကြပါတယ်။ တစ်နှစ်အတွင်း ဆိုင်ဘာရာဇ၀တ်ကောင်များသည် ရုရှားနိုင်ငံသားများ ထံမှ ရူဘယ်ဘီလီယံရာနှင့်ချီ ခိုးယူခဲ့ကြပြီး နေ့စဉ် ဖုန်းခေါ်ဆိုမှု ထောင်နှင့်ချီ၍ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖုန်းအလိမ်အညာများကို ယူကရိန်းဘက်က ပြုလုပ်နေတာက ရုရှား ဆန့်ကျင်ရေး အဓိကနည်းဗျူဟာ ပဲဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ “ဒါကို ယူကရိန်းနိုင်ငံ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ပြည်နယ်အဖွဲ့အစည်းတွေကနေ လုပ်ဆောင်နေတာပါ။ ဒါဟာ ရုရှားကို တိုက်ခိုက်တဲ့ လမ်းကြောင်းတွေထဲက တစ်ခုပါပဲ”လို့ ၎င်းကပြောသွားပါတယ်။  

လိမ်လည်သူများသည် ရုရှားနံပါတ်များသို့ နေ့စဉ်ဖုန်းခေါ်ဆိုမှု ရှစ်သန်းအထိ ပြုလုပ်ခဲ့ကြပါတယ်။ စာတိုပေးပို့ခြင်း အက်ပ်များကဲ့သို့ ဆက်သွယ်ရေးလမ်းကြောင်းအသစ်များကို ထည့်သွင်းစဉ်းစားပါက၊ ဤအရေအတွက်သည် နှစ်ဆနီးပါးတိုးလာပြီး ခန့်မှန်းခြေအားဖြင့် နေ့စဉ် လိမ်လည်ခေါ်ဆိုမှု ၁၅ သန်းအထိ ရောက်ရှိခဲ့ကြောင်း၊  ရုရှားသို့ လိမ်လည်ခေါ်ဆိုမှု ၉၅ % သည် ယူကရိန်းမှ ဆင်းသက်လာကာ ဒနီပရိုပီထရိုဗက် (အတိုကောက်အားဖြင့် ဒနီပရာ ဟုခေါ်သည်) မြို့ကို ထိုသို့သော ရာဇ၀တ်မှု၏ ဗဟိုချက်အဖြစ် သတ်မှတ်ခဲ့ ပါတယ်။ “ဒနီပရိုပီထရိုဗက်တွင် ခေါ်ဆိုရေးစင်တာပေါင်း ၁၁၀၀ ကျော်ရှိသည်။ ၁၅၀လောက်ကိုတော့ ဖမ်းဆီးနိုင်ခဲ့ပေမဲ့  ယူကရိန်းတစ်ဝှမ်းမှာတော့ ခေါ်ဆိုရေးစင်တာပေါင်း ၈၀၀ ကနေ ၉၀၀ လောက်ရှိနေပါ သေးတယ်။ အဲ့ဒါတွေကို ခြေရာခံနေတုန်းပါပဲ”လို့ ၎င်းကပြောပါတယ်။  

စိတ်ဝင်စားစရာကောင်းတာက ဒီလိမ်လည်သူတွေအသုံးပြုတဲ့ ဇာတ်ညွှန်း၊ ဇာတ်လမ်းတွေကို ယူကရိန်းမှာ ဖန်တီးတာ မဟုတ်ဘဲ "ဥရောပရဲ့အနောက်ဘက်ပိုင်းတွေမှာ လုပ်ထားတာပါ" လို့ ရုရှားအမျိုးသား ငွေပေးချေမှု ကတ်စနစ်ရဲ့ စီအီးအို ဖြစ်သူ ဗလာဒီမာကွန်လဗ် ကပြောပါတယ်။ လွန်ခဲ့သည့်နှစ်များအတွင်း၊ အဆိုပါ ခေါ်ဆိုရေးစင်တာများ၏ နည်းပညာဆိုင်ရာ ခေတ်မီဆန်းသစ်မှုများ၊ ၎င်းတို့၏ နည်းဗျူဟာများနှင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုစကေးများသည် သိသိသာသာ ကြီးထွားလာခဲ့ပါတယ်။ 

၂၀၂၄ ခုနှစ်အတွင်း လိမ်လည်သူများသည် ရုရှားလူမျိုးများထံမှ ရူဘယ် ၂၅၀-၃၀၀ ဘီလီယံ (ဒေါ်လာ ၂.၉ - ၃.၀ ဘီလီယံ) ခိုးယူခဲ့ကြောင်း ကတ်ဇ်နီစတောဗ် ကဆိုပါတယ်။ 


REF: RT

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)