မှော်ဘီ၊ ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ထောက်ပံ့ငွေ ပေးအပ်ပွဲကို ယမန်နေ့ (၂၁)ရက်နေ့မှစ၍ အမှတ်(၂)ရပ်ကွက်၊ ဓမ္မာရုံကျောင်းကြီး၌ ဆောင်ရွက်ခဲ့ကြသည်။
ထောက်ပံ့ငွေပးအပ်ပွဲတွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင် ဦးဆောင်၍ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအားတစ်ဦးလျှင်ငွေကျပ် နှစ်သောင်းပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ စစ်ဘေးရှောင်နေသောရပ်ကွက်များသို့အဖွဲ့ (၅)ဖွဲ့ခွဲ၍အမှတ်(၂)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်၊ ဘွတ်ကြီးကျေးရွာ၊ ညောင်နှစ်ပင်၊ ဘိုးဒေါနကုန်း၊ ဝါးနက်ချောင်း၊ လက်ပံတန်းစု၊ ဘန့်ဘွေးကုန်း၊ အင်ကြင်းကုန်း၊ မြောင်းတကာ၊ ညောင်ကုန်းအစရှိသောကျေး ရွာများသို့ အဖွဲ့ခွဲကာ သွားရောက်ခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပြည့်ဖြိုးမောင်နှင့် အဖွဲ့ဝင်များ၊ မှော်ဘီမြို့ နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဒုတိယညွန်ကြားရေးမှူး ဦးခင်ဦး၊ မြို့နယ်သစ်တောဦးစီးဦးသန့်ဇင်ကျော်၊ မြို့နယ်ထွေအုပ် ဒုဦးစီးဒေါ်သဲနု၊ မှော်ဘီမြို့နယ်(ပြန်/ဆက်)ဒုဦးစီး ဒေါ်လှလှထွေးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက မှော်ဘီမြို့နယ်အတွင်းသို့ ဒေသအသီးသီးမှအကြမ်းဖက်ဖြစ်စဉ်များကြောင့် ယာယီနေရပ်စွန့်ခွာနေရသည့်အိမ် ထောင်စု(၃၇၆)စု ဝန်ထမ်းနှင့် ပြည်သူ(၁၂၁၅)ဦး စုစုပေါင်း(၁၅၉၁)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်နှစ်သောင်းနှုန်းဖြင့်စုစုပေါင်းငွေကျပ်(၃၁၈၂၀၀၀၀)ကို ဌာနဆိုင်ရာများပါဝင်သောအဖွဲ့(၅)ဖွဲ့တို့ဖြင့် ယာယီနေရပ်စွန့်ခွာပြည်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းဇော်
#News #MNP
https://t.me/MyanmarNationalPost
No comments:
Post a Comment