မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ


နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

မူပိုင်ခွင့်ဆိုင်ရာဗဟိုကော်မတီ၏ အမျိုးသားအဆင့်မူပိုင်ခွင့်ဆိုင်ရာမဟာဗျူဟာ ၄.၈ အရ မူပိုင်ခွင့်မှုခင်းများအား စစ်ဆေးစီရင်မည့် တရားသူကြီးနှင့် တရားရေးအရာရှိများကို မူပိုင်ခွင့်ဆိုင်ရာ အသိပညာများဖြန့်ဝေပို့ချပေးရန်၊ မဟာဗျူဟာ ၆ အရ မူပိုင်ခွင့်ချိုးဖောက်မှုများကို တားဆီးကာကွယ်နိုင်စေခြင်းငှာ သက်ဆိုင်ရာတရားသူကြီးများကို လေ့ကျင့်သင်ကြားပေးရန်နှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ်၏ မဟာဗျူဟာရည်မှန်းချက် ၅.၂ ပါ မူပိုင်ခွင့်ဥပဒေများနှင့် စပ်လျဉ်းသည့် အသိပညာပေးအစီအစဉ်များဆောင်ရွက်ရန် ရည်ရွယ်၍ မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Awareness Seminar for the Enforcement of Intellectual Property Rights)ကို ယမန်နေ့က ပြည်ထောင်စုတရားလွှတ်တော်ချုပ် Judicial College ၌ ပူးတွဲစနစ် (In-person/Virtual) ဖြင့် ကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်အမှာစကားပြောကြားသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ တရားရေးအရာရှိလေးဦး၊ ကျောက်တံတားခရိုင် တရားရုံးနှင့် ပဲခူးမြို့နယ် တရားရုံးတို့မှ တရားသူကြီးနှစ်ဦး စုစုပေါင်းခြောက်ဦးတို့က မူပိုင်ခွင့်ချိုးဖောက်မှုများ တားဆီးကာကွယ်ရေးနှင့်သက်ဆိုင်သည့် Trademark Protection in Myanmar ၊ Criminal Litigation regarding with Trademark in Myanmar ၊ Protection of Well-known Trademark ၊ Protection of Online Copyright Infringement in Myanmar ၊ Monetary Relief for Copyright Infringements နှင့် Comparative Study of Damages Resulting from Trademark Infringement: Focusing on Statutory Damages ခေါင်းစဉ်များဖြင့် အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။

အသိပညာပေးဆွေးနွေးပွဲသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များနှင့် တရားလွှတ်တော်တရားသူကြီးများ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရားလွှတ်တော်များမှ တရားရေးအရာရှိများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တရားရုံးများ၊ ခရိုင်တရားရုံးများနှင့် မြို့နယ်တရားရုံးများမှ တရားသူကြီးများတက်ရောက်ခဲ့ကြပြီး လူကိုယ်တိုင်တက်ရောက်သူ ၁၇၆ ဦး၊ အွန်လိုင်းဖြင့် တက်ရောက်သူ ၇၀၁ ဦး စုစုပေါင်း တရားသူကြီးနှင့် တရားရေးအရာရှိ ၈၇၇ ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)