ကန့်ဘလူ၊ ဖေဖော်ဝါရီ ၂
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများအား စားအုန်းဆီအခက် အခဲမရှိစေရေး သတ်မှတ်ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၂ နာရီက ကန့်ဘလခရိုင်စုပေါင်းရုံး၌ စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်စားသုံးသူ ရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆီလုပ်ငန်းရှင်းအသင်းတို့ ပူးပေါင်းပြီး စားအုန်းဆီများဝယ်ယူရာတွင် အလွယ်တကူ ဝယ်ယူနိုင်ရေးတို့အတွက် စနစ်တကျ စီစဥ်ဆောင်ရွက်ကာ ခရိုင်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများကို တစ်ဦးလျှင် စားအုန်းဆီ ၅၀ ကျပ်သား ကျပ် ၄၂၅၀ နှုန်းဖြင့် စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)
#MNP #News
Join - https://t.me/MyanmarNationalPost
No comments:
Post a Comment