ယူကရိန်းက ရုရှား ဂတ်စ်တွေကို စလိုဗက်ကီးယားနေတဆင့် ဝယ်သုံးနေရတယ်လို့ ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းက ရုရှား ဂတ်စ်တွေကို စလိုဗက်ကီးယားနေတဆင့် ဝယ်သုံးနေရတယ်လို့ ဆို


ဖေဖော်ဝါရီ - ၁၄ ( သောကြာနေ့)

၂၀၂၄ ဒီဇင်ဘာလ ၃၁ ရက်နေ့က ယူကရိန်း နိုင်ငံကိုဖြတ်ပြီး ဥရောပကိုပို့နေတဲ့ ရုရှား ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေကိုယူကရိန်း ခွင့်မပြုတော့သည့်အတွက် ဥရောပမှာ လောင်စာဈေးတွေ တက်ကုန်ပါတယ်။ အခုလည်း ယူကရိန်းကိုယ်တိုင်က အီးယူစွမ်းအင်ကုမ္ပဏီများမှတစ်ဆင့် ရုရှားဓာတ်ငွေ့ကို ဝယ်ယူနေရကြောင်း စလိုဗက်ကီးယား နိုင်ငံခြားရေးနှင့် ဥရောပရေးရာဝန်ကြီး ဂျူရက် ဘလာနာက ပြောခဲ့ပါတယ်။ 

ယူကရိန်းက ရုရှားဂတ်စ်တွေကို ဖြတ်သန်းခွင့်မပြုတာက မှားယွင်းတဲ့ခြယ်လှယ်မှုတစ်ရပ်ဖြစ်တယ်လို့ ဘလာနာက ဆိုလိုက်ပါတယ်။ ယူကရိန်းက စလိုဗက်ကီးယားကနေတစ်ဆင့် ရုရှား ဂတ်စ်တွေကို ဈေးကြီးပေးဝယ်နေရပါတယ်လို့ စလိုဗက် ရုပ်သံ STVR နဲ့ အင်တာဗျူးမှာ ဗုဒ္ဓဟူးနေ့က ပြောသွားပါတယ်။ 

“နိုင်ငံခြားကနေ ယူကရိန်းဝယ်ယူနေတဲ့ ဂတ်စ်တွေက ရုရှားဂတ်စ်တွေပါ။ ကျနော်တို့ စလိုဗက်ကနေ ဖြတ်သွားနေတာပါ။ အရင်တုန်းက ယူကရိန်းကိုဖြတ်ပြီး ကျနော်တို့က ရုရှား ဂတ်စ်တွေကို ရနေတာပါ။ သာမန်စာတတ်တဲ့ ကလေးတစ်ယောက်တောင် စဉ်စားနိုင်တဲ့ အကြောင်းအရာကို ယူကရိန်းအစိုးရက အမှန်မမြင်နိုင်တာကတော့ တော်တော်ဆိုးတဲ့ကိစ္စပါ။ ဒီခြားနားချက်လောက်တော့ သိဖို့ကောင်းပါတယ်ဗျာ” လို့ ဆိုပါတယ်။ 

ဒါပေမဲ့ စလိုဗက် စီးပွားရေးဝန်ကြီး ဒန်နီစာ ဆာကိုဗာကတော့ ဘလာနာပြောတဲ့စကားတွေက မှားနေပါတယ်၊ ရုရှား ဂတ်စ်တွေက စလိုဗက်ကို ဖြတ်ပြီး ယူကရိန်းကို သွားနေတာကတော့မှန်ပါတယ်။ ဒါပေမဲ့ ပို့ပေးနေတဲ့ ကုမ္ပဏီတွေက စလိုဗက်တွေမဟုတ်ဘဲ ဂျာမဏီနဲ့ ချက်သမ္မတနိုင်ငံတွေကဖြစ်ကြောင်း ရှင်းသွားပါတယ်။ 

စလိုဗက် မီဒီယာများ၏ အဆိုအရ ရုရှားဂတ်စ်တွေက နေ့စဉ် ကုဗမီတာ ၁၇ သန်းခန့် ယူကရိန်းသို့ ပြောင်းပြန်စီးဆင်းမှုကို ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ခဲ့တယ်လို့ သိရပါတယ်။ တင်သွင်းမှု အများစုမှာ ဟန်ဂေရီ၊ စလိုဗက်နှင့် ပိုလန် ဓာတ်ငွေ့ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံများမှတစ်ဆင့် ဖြစ်တယ်လို့ သိရပါတယ်။ 

စလိုဗက် ဝန်ကြီးချုပ် ရောဘတ်ဖီကို က စလိုဗက်ကီးယားနိုင်ငံအနေနဲ့  တူရကီပိုက်လိုင်းမှတစ်ဆင့် ရုရှားသဘာဝဓာတ်ငွေ့ကို စတင်လက်ခံနေပြီဖြစ်ကြောင်းနဲ့ ယူကရိန်းဘက်က လာတဲ့ ဂတ်စ်ပိုက် ကို ပိတ်လိုက်ပြီဖြစ်ကြောင်း၊ တိုင်းပြည်စွမ်းအင်အကျပ်အတည်းကို ရှောင်ရှားနိုင်ပြီဖြစ်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ ၎င်းက “ ကျနော်တို့နိုင်ငံကိုဖြတ်ပြီး ယူကရိန်းကို သွားနေတဲ့ ဂတ်စ်တွေကို ကျနော်တို့ ပိတ်ပစ်လိုက်လို့ရပါတယ် ။ ဒါပေမဲ့ ကျနော် မလုပ်ပါဘူး။ ဒါက ကျင့်ဝတ်ပါ။ ယူကရိန်းနိုင်ငံသားတွေ အတွက်လည်း ထည့်စဉ်းစား ပေးပါတယ်။ ဇီလန်စကီးကြောင့် ကျနော်တို့နိုင်ငံမှာစွမ်းအင် အကျပ်အတည်း ဖြစ်ခဲ့ပါတယ်။ ကျနော်တို့ပြန်ပြီး လုပ်လို့ရပေမဲ့ လူသားဆန်တဲ့ ကျင့်ဝတ်ကိုငဲ့ညှာပြီး ကျနော်မလုပ်ပါဘူး” လို့ပြောသွားပါတယ်။ 


REF: RT 

#News #MNP #International

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)