ထရမ့်အခြေအနေကိုကြည့်ပြီး လှုတ်ရှားမယ်လို့ စင်ကာပူဝန်ကြီးချုပ် ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်အခြေအနေကိုကြည့်ပြီး လှုတ်ရှားမယ်လို့ စင်ကာပူဝန်ကြီးချုပ် ပြော


ဖေဖော်ဝါရီ - ၁၀ ( တနင်္လာနေ့ ) 

အမေရိကန်က ကမ္ဘာကြီးနဲ့ပတ်သက်လာရင် သူတို့ရဲ့ အကျိုးစီးပွားကလွဲပြီး ကျန်တာကိုစိတ်ဝင်စားမှုနည်းပါးသွားတာကြောင့်  အမေရိကန်ရဲ့လှုတ်ရှားမှုအခြေအနေကို ကြည့်ပြီး သင့်တော်သလို ချိန်ညှိလှုတ်ရှားသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောသွားပါတယ် ။ 

စနေနေ့ကပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူး အခမ်းအနား ညစာစားပွဲမှာ လက်ရှိ ပထဝီဝင်နိုင်ငံရေး အခြေအနေက “မသေချာ မရေရာမှုများစွာ” ဖြင့် “အမြဲတမ်း တင်းမာနေတယ်” လို့ လီကပြောသွားပါတယ်။ ဆိုလိုချင်တာက အမေရိကန်အစိုးရက ပြည်တွင်းမှာရှိတဲ့ စိန်ခေါ်မှုတွေကို အပြောင်းအလဲလုပ်နေတယ်။ သမ္မတဒေါ်နယ်ထရမ့်က အဲ့လိုတွေလုပ်ပြီး နိုင်ငံတကာကို အာရုံပြောင်းနေတာပါ။ ပြီးရင် နိုင်ငံတကာနဲ့ ပတ်သက်တဲ့ ကတိကဝတ်တွေကို ပြန်ပြီး အကဲဖြတ်တော့မှာဖြစ်ပါတယ်။ အဲ့တော့ အနာဂတ်နိုင်ငံတကာ အခြေအနေက ခန့်မှန်းရခက်တဲ့ အနေအထားဖြစ်သွားပါပြီလို့ ပြောသွားပါတယ်။ 

အိမ်ဖြူတော်သည် အခွန်စည်းကြပ်မှုကို အဓိကမူဝါဒ ကိရိယာ အဖြစ်ထားပြီး ပြင်ပဝင်ငွေ ရလာနိုင်တဲ့ အရင်းအမြစ်တစ်ခုအဖြစ် ရှုမြင် သုံးသပ်နေပါတယ်။ အခြားနိုင်ငံများကို လိုက်လျောညီထွေဖြစ်စေရန် ဖိအားပေးသည့် နည်းလမ်းအဖြစ် အမေရိကန်ပြည်ထောင်စုမှ “ချက်ချင်း ရည်မှန်းချက်များ ပြည့်မီရန် အရောင်းအဝယ် ချဉ်းကပ်မှုနည်းလမ်းကို အသုံးပြုနေပါတယ်” လို့ ဝန်ကြီးက စောဒကတက်ခဲ့ပါတယ်။

“တကယ်တော့ အမေရိကန်မှာက နိုင်ငံတကာက အမှာစာတွေကို ပြီးပြည့်စုံအောင် ထုတ်လုပ်ပေးနိုင်စွမ်း မရှိသေးပါဘူး။ အဲ့ဒိအချိန်မှာ ထရမ့်အစိုးရ က နိုင်ငံတကာကို သူ့ပစ္စည်းတွေဝယ်သုံးအောင်လို့ ဖိအားပေးနေတယ်။ အဲ့ တော့ ဘယ်လိုဖြစ်လာမလဲဆိုတာက သုံးသပ်ရခက်သွားပါတယ်” လို့ ဆိုပါတယ်။ ပြီးတော့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO နဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်ကနေ ထရမ့်အစိုးရအဖွဲ့ နှုတ်ထွက် လိုက်တာကလည်း ထရမ့်အစိုးရရဲ့ ကိုယ်ကျိုးရှာ လှုတ်ရှားမှုဖြစ်လာနိုင်တယ် လို့လည်း ဆိုပါတယ်။ 

ကာကွယ်ရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများတွင် ဝါရှင်တန်နှင့် စင်ကာပူသည် သမိုင်းကြောင်းအရ နီးကပ်စွာ ဆက်ဆံခဲ့ပါတယ်။ နှစ်နိုင်ငံသည် ၂၀၀၄ ခုနှစ်တွင် စင်ကာပူ-အမေရိကန် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး အမေရိကန်သည် စင်ကာပူ၏ အကြီးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူ ဖြစ်လာခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်အရ အမေရိကန်တပ်ဖွဲ့ဝင်များသည် စင်ကာပူ၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများသို့ ဝင်ရောက်ခွင့်ကိုလည်း ခွင့်ပြုထားပြီး နှစ်နိုင်ငံစလုံးက  Exercise Commando Sling နှင့် Exercise Tiger Balm ကဲ့သို့သော စစ်ရေး ပူးတွဲလေ့ကျင့်မှုများကို နှစ်စဉ် ပြုလုပ်ခဲ့ပါတယ်။ 


REF - RT                 

#News #MNP #International

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)