ရွှေဘို - မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် PDF ဂိတ် (၁၈)ဂိတ် ကို ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ) - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘို - မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် PDF ဂိတ် (၁၈)ဂိတ် ကို ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် (အိတ်ဖွင့်ပေးစာ)


လေးစားအပ်ပါသော တာဝန်ရှိသူများ ခင်ဗျာ -

ရွှေဘိုမြို့နယ်က တည်ငြိမ်အေးချမ်းမှုကို လိုလားတဲ့ ပြည်သူတစ်ဦး ဖြစ်ပါတယ်။ ရွှေဘို - မန္တလေး လမ်းပိုင်းမှာ PDF အကြမ်းဖက်သမားများက ဂိတ်ဖွင့်ပြီး ဆက်ကြေးကောက်ခံနေတာ (၁၈) နေရာ ရှိပါတယ်။

အန္နဲဘုတ်၊ လှတော၊ စိုင်နိုင်းကြီး/လေး၊ သားနားရွာများမှ အကြမ်းဖက်အဖွဲ့တွေ ရှိနေပါတယ်။ လှတောဂိတ်မှာ ခရီးသွားပြည်သူများကို အကြမ်းဖက်သမားများက လမ်းဆင်းလျှောက်ပြီး ဖြတ်သန်းရပါတယ်။ သားနားဂိတ်မှာ ဆိုရင် အကြမ်းဖက်သမားတွေက ပြည်သူများကို မှတ်ပုံတင်စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်။ အုန္နဲဘုတ် မူးတံတားပေါ်မှာ မိုင်းထောင်ထားတယ်လို့ သိရပါတယ်။

စစ်ကြောင်းထိုးပြီး ရှင်းရင် စစ်ကြောင်းလာပြီဆိုတာနဲ့ အကြမ်းဖက်သမားတွေက သတင်းရပြီး ရှောင်ပြေးကြတာ ဖြစ်ပါတယ်။ စစ်ကြောင်းထိုးလောက်သည်အထိလည်း မလိုပါဘူး။ ဒရုန်းဖြင့် ရှင်းလင်းပေးရုံဖြင့် ရနိုင်ပါတယ်။

ဒေသခံပြည်သူများ လွတ်လပ်စွာ ခရီးသွားလာနိုင်ရန် ဒေသခံပြည်သူများအပေါ် ခေါင်းပုံဖြတ် အမြတ်ထုတ် ဆက်ကြေးကောက်၊ လက်နက်ဖြင့် အနိုင်ကျင့် စော်ကားနေသော PDF အကြမ်းဖက်သမားများကို အမြန်ဆုံး ရှင်းလင်းဆောင်ရွက်ပေးမှသာ ဒေသခံပြည်သူများ အေးချမ်းစွာ နေရမှာ ဖြစ်ပါတယ်။ တာဝန်ရှိသူများအနေဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရွှေဘို - မန္တလေး လမ်းပိုင်းရှိ အကြမ်းဖက် PDF ဂိတ်များကို ရှင်းလင်းဆောင်ရွက်ပေးနိုင်ပါရန် လေးစားစွာဖြင့် အနူးအညွတ် မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။


ဒေသခံ ပြည်သူတစ်ဦး

#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)