2025 International Day of Forests သို့ မြန်မာသံအမတ်ကြီး ဦီးသန့်စင် ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

2025 International Day of Forests သို့ မြန်မာသံအမတ်ကြီး ဦီးသန့်စင် ပါဝင်တက်ရောက်




ဆိုးလ်၊ မတ် ၂၁

ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦီးသန့်စင်သည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၁) ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၊ ဂယောင်ဂီးပြည်နယ်၊ ပိုချွန်မြို့ရှိ Korea National Arboretum တွင် ကျင်းပပြုလုပ်ခဲ့သည့် 2025 International Day of Forests အခမ်းအနားသို့ Asian Forest Cooperation Organization (AFoCO) အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများနှင့် အတူတက်ရောက်ခဲ့သည်။ 

အဆိုပါအခမ်းအနားတွင် ကိုရီးယားသမ္မတနိုင်ငံ၊ သစ်တောရေးရာဝန်ကြီးဌာန (Korea Forest Service) မှ ဝန်ကြီး H.E. Lim Sangseop ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး H.E. Chung Keeyong နှင့် AFoCO ၏ Executive Director ဖြစ်သူ H.E. Park Chongho တို့လည်း ပါဝင်တက်ရောက်၍ ဂုဏ်ပြုအမှာစကားများ ပြောကြားခဲ့သည်။ 

အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက Korea Forest Service နှင့် Asian Forest Cooperation Organization တို့မှ ကိုရီးယားနိုင်ငံ၏သစ်တောကဏ္ဍ ထိန်းသိမ်းမှုတွင် တက်ကြွ စွာပါဝင်ဆောင်ရွက်နေမှုများအပေါ် အသိအမှတ်ပြုကြောင်းနှင့် မြန်မာနိုင်ငံနှင့် ကိုရီးယားသမ္မတ နိုင်ငံတို့အကြား နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုး၍ ရန်ကုန်မြို့၌ တည်ထောင်ခဲ့သည့် Asian Forest Cooperation Organization  ၏ Regional Education and Training Center (AFoCO RETC) မှတစ်ဆင့် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများ ကို တိုးမြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ AFoCO အဖွဲ့အစည်း၏အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ် သည့် မြန်မာနိုင်ငံသည် သစ်တောကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်စီမံခန့်ခွဲမှုများကို ကုလသမဂ္ဂနှင့် AFoCO အဖွဲ့အစည်းတို့မှ ချမှတ်ထားသည့် လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း စသည်ဖြင့် အခမ်းအနားတွင် ဆွေးနွေးပြောကြားခဲ့သည်။ 

ယင်းနောက် မြန်မာသံအမတ်ကြီးသည် AFoCO  အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီးများ နှင့်အတူ သစ်တောထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်ရေးအတွက် စုပေါင်း၍ ကတိကဝတ်ပြုသည့်အနေဖြင့် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)