မြန်မာပညာတော်သင် အယောက် (၅၀) အား ချုံချင့် မြို့၌ ပညာသင်ကြားနိုင်ရေး မြန်မာ−တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာပညာတော်သင် အယောက် (၅၀) အား ချုံချင့် မြို့၌ ပညာသင်ကြားနိုင်ရေး မြန်မာ−တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေး


ချုံချင့်၊ မတ် ၂၁

မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့မှ  ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် ချုံချင့်မြူနီစီပယ်အစိုးရ နိုင်ငံခြားရေးရာဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Feng Zimin တို့ ဦးဆောင်၍ မြန်မာ−တရုတ်(ချုံချင့်) ပူးပေါင်းဆောင်ရွက်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၀-၃-၂၀၂၅ ရက်၊ နေ့လယ် ၁၄း၀၀ နာရီတွင် ချုံချင့်မြို့၊ နိုင်ငံခြားရေးရာဌာန၌ ပြုလုပ်ခဲ့သည်။ 

အဆိုပါအစည်းအဝေးတွင် မြန်မာပညာတော်သင် အယောက် (၅၀) အား ချုံချင့် မြို့၌ ပညာသင်ကြားနိုင်ရေးကိစ္စ၊ မြန်မာနိုင်ငံ၊ စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ချုံချင့်မြို့ South West University အကြား စိုက်ပျိုးရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးကိစ္စများ၊ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကိစ္စနှင့် ချုံချင့်မြို့နှင့် မြန်မာနိုင်ငံ အကြား တိုက်ရိုက်လေကြောင်း ပြေးဆွဲရေးကိစ္စတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)