ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီးဦးစိုင်းလိတ် တောင်ကြီးမြို့နယ်၊ သစ်တောဦးစီးဌာနမှဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




တောင်ကြီး , မတ် ၁၁


ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်က တောင်ကြီးမြို့ စိမ်းလန်းစိုပြေရေးအတွက် ၂၀၂၅ ခုနှစ် မိုးရာသီ၌ သစ်ပင်စိုက်ပျိုးနိုင်ရန် မြေနေရာရှာဖွေထားရှိမှုများနှင့် မြေပြုပြင်နေမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။


ပြည်နယ်သယံဇာတရေးရာဝန်ကြီးသည် ရှမ်းပြည်နယ်သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးခင်မောင်ထွေး(၁)နှင့် တာဝန်ရှိသူများလိုက်ပါလျက် တောင်ကြီးမြို့ စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ၌သစ်ပင်စိုက်ပျိုးရန်အတွက် တောင်ကြီး-အေးသာယာအတက်လမ်းဘေးဝဲယာတွင် မြေနေရာရှာဖွေခဲ့ပြီး စစ်ဆေးတွေ့ရှိသည့်မြေနေရာ(၂)ဧကခန့် မြေနေရာရှင်းလင်းခြင်းလုပ်ငန်းနှင့်မြေပြုပြင်ခြင်းလုပ်ငန်းများ အချိန်မီပြီးစီးအောင်ဆောင်ရွက်သွားရန်၊ ၂၀၂၅ ခုနှစ် မိုးရာသီတွင်စိုက်ပျိုးမည့် တောင်ကြီး-အေးသာယာ အတက်လမ်းဘေးရှိ(၃)ဧကနှင့် ပစောက်ကွေ့တွင်စိုက်ပျိုးမည့် သစ်ပင်(၂၂၀)ပင်တို့အတွက် မြေပြုပြင်ထားရှိမှုတို့အားကြည့်ရှုစစ်ဆေးခြင်း၊ နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်ချက်အရ တောင်ကြီးမြို့ရေလုံလောက်စွာရရှိရေးအတွက် ထီသိမ်ကန်ကြိုးဝိုင်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင် တည်ထောင်စိုက်ပျိုးမည့်  ကွက်လပ်ဖြည့်ထင်းရှူး(၁၀၀၀၀)ပင် စိုက်ပျိုးရန်အတွက် မြေပြုပြင်ထားရှိမှုနှင့် ၂၀၂၄ ခုနှစ် မိုးရာသီကာလအတွင်းစိုက်ပျိုးထားသည့် ကွက်လပ်ဖြည့်ထင်းရှူး(၁၀၀၀၀)ပင် ရှင်သန်အောင်မြင်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခြင်းများဆောင်ရွက်ပြီး တောင်ကြီး(ထင်း)ကြိုးဝိုင်း အကွက်အမှတ်(၉)အတွင်း ၂၀၂၅ ခုနှစ် မိုးရာသီကာလတွင်တည်ထောင်စိုက်ပျိုးထားသည့် ရေဝေရေလဲစိုက်ခင်း(၁၀၀)ဧက မြေပြုပြင်ထားရှိမှုအ‌ခြေအနေတို့အားကြည့်ရှုစစ်ဆေး၍ မုတ်သုံမိုးစတင်ဝင်ရောက်ပြီး မြေအစိုဓာတ်လုံလောက်စွာရရှိသည်နှင့်တစ်ပြိုင်နက် စိုက်ပျိုးခြင်းလုပ်ငန်းဆောင်ရွက်သွားရန်၊ တောင်ကြီး(ထင်း)ကြိုးဝိုင်းအတွင်း ကျူးကျော်မှုမရှိစေရေးထိန်းသိမ်းဆောင်ရွက်ရန်နှင့် စိုက်ခင်းနယ်နိမိတ်တွင်စိုက်ခင်းဆိုင်းဘုတ်တိုင်များစိုက်ထူသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရသည်။


စိုင်းသန်းကျော်(တောင်ကြီး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)