ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟိုပုံးမြို့နယ်၌ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 



ဟိုပုံး , မတ် ၁၁


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ(၄)နာရီအချိန်က  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။


အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်းတို့က မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်ကျောင်းအသီးသီးမှ ဆရာတော်၊ သံဃာတော်များ အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်စွာဖြေဆိုကျင်းပနိုင်ရေးအတွက် စာမေးပွဲဖြေဆိုကျင်းပမည့်နေရာအား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ဆရာတော်၊ သံဃာတော်များအတွက် စာမေးပွဲဖြေဆိုသည့်နေ့အလိုက် စာဖြေသံဃာများအတွက် ဆွမ်း၊ ကွမ်း၊ လှူဖွယ်ဝတ္ထုများ၊ ဝေယျာဝဇ္ဇကိစ္စများ ကြိုတင်ပြင်ဆင်မည့်လုပ်ငန်းများကို ပြောကြားသည်။ အဆိုပါပါဠိပထမပြန်စာမေးပွဲကို မတ်လ(၃၁)ရက်နေ့တွင် သီရိမင်္ဂလာသာသနာ့ဗိမာန်တွင် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းများကို ရဟန်း၊ သာမဏေ၊ သီလရှင် စုစုပေါင်း (၃၆၉)ပါး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။


ပအိုဝ်းဒေသ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)