၂၀၂၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ် အင်းလေးရေပေါ်သင်္ကြန် အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

 



ညောင်ရွှေ ,  မတ် ၁၁


၂၀၂၅ ခုနှစ် ရှမ်းပြည်နယ် အင်းလေးရေပေါ်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။


ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာလင်းက အင်းလေးရေပေါ်သင်္ကြန်ပွဲတော် ကျင်းပပြုလုပ်နိုင်ရေး ဆပ်ကော်မတီအသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်ထားရှိမှုကို တင်ပြခဲ့သည်။


ထို့နောက် ဆပ်ကော်မတီးအသီးသီး၏ တာဝန်ရှိသူများက မိမိတို့ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ယခင်နှစ်ဆောင်ရွက်ခဲ့ရသည့် အခြေအနေနှိုင်းယှဉ်ချက်များကို တင်ပြကြပြီး အစည်းအဝေးတက်ရောက်လာသူများက အထွေထွေကိစ္စရပ်များကို တင်ပြခဲ့ကြရာ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။


စိုင်းအယ်ဘဲ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)