ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မဲစာရင်းမှန်ကန်ရေးနှင့် မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်





ပေါင်၊ မတ်  ၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌မဲစာရင်းမှန်ကန်ရေးနှင့်မြေပြင်လူဦးရေစီစစ်အတည်ပြုနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ဝါရီရူခန်းမ၌ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦထင်လင်းအောင်က ပေါင်မြို့နယ်အတွက် မှန်ကန်တဲ့လူဦးရေစာရင်း ရရှိရေးအတွက် ရပ်ကွက်/ကျေးရွာစာရင်းများ၊မြို့နယ်ကော်မရှင်၊လဝက တို့နှင့် ပေါင်းစပ်ပြီး စာရင်းမှန်ကန်တိကျရေး ကို အလေးထားဆောင်ရွက်ပေးကြပါရန်၊ဌာနဆိုင်ရာများအနေဖြင့်လည်း  

မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် ပြောကြားခဲ့သည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊မြို့နယ်ဦးစီးမှူး ဦးသန်းဝင်းဇော်က ပေါင်မြို့နယ်အနေဖြင့် သန်းခေါင်စာရင်းကောက်ယူမှုစာရင်းအရ (၁၈၃၈၇၂)ဦး ရှိပြီး၊ ပဉ္စမမူကြမ်း စာရင်းအရ (၁၉၇၈၂၂) ဦး၊မြေပြင်ကွင်းဆင်းစာရင်းအရ (၂၈၃၅၀၁) ရှိခဲ့ပါကြောင်း ယခုစာရင်းမှန်ကန်မှုရှိစေရန်အသက် သုည နှစ်မှစ၍ မြေပြင်ရှိစာရင်းများကို စတင်ကောက်ယူသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

မြို့နယ်ကော်မရှင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ဂျူးနီတာဇော် ကလည်း အသက် (၁၈) နှစ်နှင့်အထက် စာရင်းများကို တိကျမှန်ကန်စွာ ကောက်ယူပြီးစာရင်းပြုစုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင် က လိုအပ်သည်များဖြည့်စွက်ဆွေးနွေးခဲ့သည်။ အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)