မတ် - ၆ ( ကြာသပတေးနေ့ )
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက မူဆလင်နိုင်ငံ ၇ နိုင်ငံက ခရီးသွားတွေကို အမေရိကန်ပြည်ဝင်ခွင့်မပေးဖို့ အမိန့်တစ်ရပ် ထုတ်ပြန်ဖူးပါတယ်။ အဲ့ဒိအမိန့်ကို တရားရုံးချုပ်ကဆိုင်းငံ့ထားခဲ့ပြီး ဘိုင်ဒန်အစိုးရ တက်လာတော့ အမေရိကားရဲ့ လူမျိုးရေး စံနှုန်းနဲ့ မညီဘူး ဆိုပြီး ပယ်ဖျက်ခဲ့ပါတယ်။
အခုလည်း ထရမ့်ကို ပါကစ္စတန် နဲ့ အာဖဂန်က ပြည်ဝင်ခွင့်လျှောက်ထားသူတွေကို ပြည်ဝင်ခွင့် မပေးတဲ့ အမိန့်ထုတ်နိုင်တယ်လို့ အိမ်ဖြူတော် နီးစပ်ရာ အသိုင်းအဝိုင်းက တိုးတိုးသတင်းတစ်ရပ်အနေနဲ့ ထွက်လာပါတယ်။ အဲ့ဒိနိုင်ငံတွေရဲ့ လုံခြုံရေး စစ်ဆေးမှု အာမခံချက်ကို ပြန်လည်သုံးသပ်ပြီးမှ ဝင်ခွင့်ပေးတဲ့ကိစ္စကို အခု သီတင်းပတ်ကုန်မှာ ဆုံးဖြတ်နိုင်မယ်လို့ သိရပါတယ်။ အဆိုပါစာရင်းတွင် အခြားနိုင်ငံများလည်း ပါဝင်နိုင်တယ်လို့ သတင်းရင်းမြစ် သုံးခုက ဆက်လက်ဖော်ပြသော်လည်း အသေးစိတ်မသိရသေးပါ။
ပြဿနာက လက်ရှိအမေရိကားမှာ နေထိုင်နေတဲ့ တာလီဘန်အစိုးရကိုကြောက်လို့ ထွက်ပြေးလာတဲ့ ရွှေ့ပြောင်းတွေနဲ့ ပါကစ္စတန်ရေဘေးကြောင့် အငတ်ဘေးစိုက်နေလို့ အမေရိကားကို ရွှေ့ပြောင်းရောက်နေတဲ့ ပါကစ္စတန်သားတွေအပေါ် ထိခိုက်လာမှာကို အများက စိုးရိမ်နေကြပါတယ်။
အမေရိကန်သမ္မတအဖြစ် ဇန်နဝါရီ ၂၀ ရက်က တာဝန်ယူခဲ့ပြီးနောက် ထရမ့်သည် အမေရိကန်တွင် ခိုလှုံခွင့်တောင်းခံသည့် နိုင်ငံခြားသားများကို လုံခြုံရေးစစ်ဆေးမှုကို အရှိန်အဟုန်မြှင့်ရန် ရည်ရွယ်သည့် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမိန့်အရ မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထားပြီး လုံခြုံရေးအရ ခရီးသွားလာခြင်းကို တစ်စိတ်တစ်ပိုင်း သို့မဟုတ် အပြည့်အဝ ဆိုင်းငံ့ထားသင့်တဲ့ နိုင်ငံစာရင်းကို တင်သွင်းရန် လိုအပ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားပါတယ်။
REF: Free Press Journal
https://t.me/MyanmarNationalPost

No comments:
Post a Comment