ကြံခင်း၊ မတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် (မြို့နယ်အဆင့်) အရည်အသွေးမြှင့်မွမ်းမံ သင်တန်းကို မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းမှစ၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတို့၌ သင်ကြားပို့ချလျက်ရှိသည်။
ကြံခင်းမြို့နယ်အတွင်း မြို့နယ်အဆင့် အရည်အသွေးမြှင့်မွမ်းမံသင်တန်းကို မူလတန်းအဆင့်အား အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၂၀ ဦး၊ သင်တန်းသား၊ သင်တန်းသူ ၂၇၂ ဦး ဖွင့်လှစ်လျက်ရှိပြီး အလယ်တန်းအဆင့်အား အမှတ် (၂) အခြေခံပညာအထက် တန်းကျောင်းတွင် သင်တန်းနည်းပြ ဆရာ၊ ဆရာမ ၆ ဦးတို့ သင်တန်းသား၊ သင်တန်းသူ ၅၆ ဦး က တက်ရောက် သင်ယူလျက်ရှိသည်။ အဆိုပါ အရည်အသွေးမြှင့်ဆွေးနွေးပွဲကို မတ် လ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment