ဒေးဒရဲမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေးဒရဲမြို့နယ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ



ဒေးဒရဲ၊ မတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ (၁၃၈၆)ခု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်က ဒေးဒရဲမြို့နယ်တွင် (၁၃၈၆)ခု မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား ယခင်နှစ်များနည်းတူ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်၊ စတုဒိသာမဏ္ဍပ်၊ ယိမ်းအဖွဲ့များ၊ ဖျော်ဖြေရေးအစီအစဉ်များနှင့် လမ်းလျှောက်သင်္ကြန်များပါ ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်၍ သက်ဆိုင်ရာဌာနများအနေဖြင့် ပါဝင်သည့် လုပ်ငန်းကော်မတီအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရန် အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များက ပြည်သူများအေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေး လုံခြုံရေးအစီအမံများနှင့် ရန်ပုံငွေများ ရရှိရေးဆောင်ရွက်သွားမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာသည့်ဌာနများက သက်ဆိုင်ရာကော်မတီများအလိုက် (၁၃၈၆)ခု မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြီးစီးရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်သွားမည့် လုပ်ငန်းများအလိုက် တင်ပြဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင်နှင့်အဖွဲ့ဝင်များက လိုအပ်ချက်များကို ဖြည့်စွက်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။


အေဇာလင်း

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)