မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိမြိုင် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိမြိုင် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနား တက်ရောက်

 



မော်လမြိုင် , မတ် ၁၃


၂၀၂၅ ခုနှစ် မတ်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၅၁) နှစ်မြောက် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိမြိုင် (၁)ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နနယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။


ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ လူမှုရေးရာဝန်ကြီး၊ မွန်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ခရိုင်ပညာရေးမှူးတို့က အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း သီရိမြိုင် (၁) ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်ပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေ ပေးအပ်ချီးမြှင့်၍ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


ယင်းနောက် ကျောင်းဆောင်သစ်လွှဲပြောင်း ပေးအပ်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းနေအရွယ်ကလေးတိုင်း ကျန်းမာပျော်ရွှင်စွာ အခြေခံပညာ သင်ကြားနိုင်ရေးကလေးများ သင်ယူမှုအခွင့်အလမ်း မြင့်မားလာစေရေးနှင့် သင်ယူမှု အရည်အသွေး မြင့်မားလာစေရန်၊ ကျောင်းနေနှုန်းမြင့်မားလာစေရေးနှင့် အခမဲ့ပညာရေးစနစ် ကျယ်ပြန့်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိဘပြည်သူများထံသို့ ကျယ်ကျယ်ပြန့်ပြန့် သတင်းရောက်ရှိရေးသည် အလွန်အရေးကြီးကြောင်း၊ ၂ဝ၂၄-၂၀၂၅ ပညာသင်နှစ် အမှတ် (၁) အခြေခံပညာမူလတန်း(လွန်)ကျောင်း-သီရိမြိုင်ကျောင်းဆောင်သစ် ဖွင့်လှစ်ခြင်းနှင့် ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ခြင်းကို ၂ဝ၂၅ ခုနှစ်၊ မတ်လ (၁၉)ရက်နေ့မှာ ကျရောက်မည့် မွန်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့တဲ့ မော်လမြိုင်မြို့နယ်၊ မူလွန်(၁)သီရိမြိုင်၊ (၉၀x၃၀)ပေ၊ Steel Structure (၁)ထပ်၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားသည် အလွန်မင်္ဂလာရှိသော အခမ်းအနားဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် ကျောင်းဆောင်သစ်နှင့်ပက်သက်သည့် အချက်အလက်များအား ဆောက်လုပ်ရေး တာဝန်ခံက ပေအပ်ရာ ခရိုင်ပညာရေးမှူးက လက်ခံရယူခဲ့ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။


စည်သူ


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)