မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့် လှယဉ်ကျေးမယ် ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့ အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့် လှယဉ်ကျေးမယ် ပြိုင်ပွဲ၊ ဆုချီးမြှင့်ပွဲ အခမ်းအနား တက်ရောက်

 



မော်လမြိုင် , မတ် ၁၃


၂၀၂၅ ခုနှစ်၊ (၅၁)နှစ်မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့၊ ညနေပိုင်းက မော်လမြိုင်မြို့၊ ပညာရေးဒီဂရီကောလိပ်၌ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများတက်ရောက်၍ ပြိုင်ပွဲဝင်များ၏ ကာယဗလ၊ ကာယကြံ့ခိုင်မှုနှင့် လှယဉ်ကျေးမယ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့ကြသည်။


ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးများက (၅၁)နှစ်​မြောက် မွန်ပြည်နယ်နေ့အထိမ်းအမှတ် ကာယဗလ၊ ကာယကြံခိုင်မှုနှင့်လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် အငယ်တန်း၊ အကြီးတန်းကာယဗလ ပြိုင်ပွဲတွင်ဆုရရှိကြသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ရာမညမောင်ဆုရရှိသူအား ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှယဉ်ကျေးမယ်ပြိုင်ပွဲတွင် ဆုရရှိသူအား ဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခဲ့ကာ ပြိုင်ပွဲဝင်ကာယဗလမောင်များ၊ လှယဉ်ကျေးမယ်လေးများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)