ဒေါပုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒေါပုံမြို့နယ်တွင် လူထုအခြေပြုဗဟိုဌာနတွင် မူလတန်းအဆင့် ကလေးများအတွက် ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပဆောင်ရွက်



ဒေါပုံ၊ မတ် ၂၆

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင်  ကဗျာရွတ်ဆိုပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ချစ်စုဝေက ပြိုင်ပွဲများကျင်းပရခြင်း၏ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။ ဆက်လက်၍ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဆောင်ရွက်ခဲ့ရာ  ကဗျာရွတ်ပြိုင်ပွဲတွင် (၃၈)ဖြာမင်္ဂလာကဗျာများဖြင့် ဝင်ရောက်ယှဉ်ပြိုင်သူ ၁၀ ဦးရှိခဲ့ပါသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် အထူးဆုများရရှိခဲ့ကြသည့်  ကလေးများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။ ထို့နောက် ကဗျာရွတ်ဆိုပြိုင်ပွဲ အခမ်းအနားသို့ တက်ရောက်လာကြသည့် ကလေးများအား မုန့်နှင့် အအေးများကို အလှူရှင်များက တိုက်ကျွေးခဲ့ကြကြောင်း သိရသည်။  


ချစ်စုဝေ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)