မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးကုသမှုခံယူ သီတင်းသုံးနေသည့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မန္တလေးပြည်သူ့ဆေးရုံကြီး ဆေးကုသမှုခံယူ သီတင်းသုံးနေသည့် နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးအား မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် သွားရောက်ဖူးမြော်ပြီး ကျန်းမာရေးအခြေအနေများ မေးမြန်းလျှောက်ထား



ချမ်းအေးသာစံ , မတ် ၈


မန္တလေးပြည်သူ့ဆေးရုံကြီး ၉ ထပ်ဆောင်ရှိ အထူးသီးသန့်ခန်းတွင် တက်ရောက်ဆေးကုသမှု ခံယူသီတင်းသုံးနေသည့် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံ ကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီး အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တဣန္ဒောဘာသာဘိဝံသ (သက်တော် ၉၃နှစ်၊ သိက္ခာတော် ၇၃ဝါ)အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်တို့က ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြသည်။


ထိုသို့ သွားရောက်ဖူးမြော်ရာတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ မန္တလေးပြည်သူ့ဆေးရုံကြီးရှိ မန်းတောင်ရိပ် ၉ ထပ်ဆောင်၊ (၄)လွှာသို့သို့ရောက်ရှိပြီး ဆရာတော်ကြီးအား ဖူးမြော်၍ အာဟာရဖြည့်စွက်များ လှူဒါန်းကာ ကျန်းမာရေးအခြေအနေများကို မေးမြန်းလျှောက်ထားခဲ့သည်။


မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး၊ ဆေးရုံအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆရာတော်ကြီး၏ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဆရာတော်ကြီးအား ကျန်းမာရေးစောင့်ရှောက်ပေးရာတွင် လစ်ဟင်းမှု မရှိစေရန် အထူးကြပ်မတ်ဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံတော်ဩဝါဒါစရိယ၊ မဟာဂန္ဓာရုံကျောင်းတိုက်ကြီး၏ မဟာနာယကချုပ် ဆရာတော်ကြီးမှာ မန္တလေးပြည်သူ့ဆေးရုံကြီး ၉ ထပ်ဆောင်၊ (၄)လွှာရှိ အထူးသီးသန့်ခန်းတွင် သီတင်း သုံးကာလိုအပ်သည့် ဆေးဝါးကုသမှုများ ခံယူလျက်ရှိပြီး ဆရာတော်ကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုများနှင့် ပတ်သက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာဆန်းလွင်ဦး၊ အထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာအေးအေးချစ်၊  အစာအိမ်နှင့် အူလမ်းကြောင်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဝင်းဖြူဖြူမြင့်တို့အဖွဲ့က အနီးကပ် ကြပ်မတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။


ထွန်းထွန်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)