မြောက်ကိုရီးယားက နိုင်ငံခြားသား ခရီးသွားဝင်ခွင့်ပိတ်ထား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ကိုရီးယားက နိုင်ငံခြားသား ခရီးသွားဝင်ခွင့်ပိတ်ထား


မတ် - ၈ ( သောကြာနေ့ ) 

အနောက်နိုင်ငံ ခရီးသွားများအတွက် ကန့်သတ်ချက်များကို ရုတ်သိမ်းပြီးနောက် တစ်လခန့်အကြာတွင် မြောက်ကိုရီးယား တာဝန်ရှိသူများက မြောက်ကိုရီးယားကို နိုင်ငံခြားခရီးသွားများ လာရောက်ခြင်းအား ဆိုင်းငံ့ထားကြောင်းကြေညာလိုက်ပါတယ်။ ဒါပေမဲ့ ဘာကြောင့် အပြောင်းအလဲဖြစ်သည် ဆိုသည်ကိုမူ ပြောကြားခြင်းမရှိပေ။

မြောက်ကိုရီးယားသို့ ကမ္ဘာလှည့်ခရီးသည်များ လာရောက်လည်ပတ်နိုင်ရန် စီစဉ်သည့် ခရီးသွားကုမ္ပဏီ အများအပြားကိုလည်း မြောက်ကိုရီးယားအစိုးရက ၎င်းတို့အား ခရီးသွားလုပ်ငန်းအားလုံးကို ဖျက်သိမ်းကြောင်း ထပ်မံအသိပေးထားတယ်လို့ ဘီဘီစီသတင်းတွင် ဖော်ပြထားပါတယ်။ 

"မြောက်ကိုရီးယား က လူတိုင်းကို ပိတ်လိုက်ပြီလို့ ငါတို့ရဲ့ ကိုရီးယားလုပ်ဖော်ကိုင်ဖက်တွေဆီက သတင်းရ ထားတယ်" လို့ တရုတ်အခြေစိုက် ခရီးသွားကုမ္ပဏီ KTG Tours က Facebook တွင် ကြေညာခဲ့ပါတယ်။  

ခရီးစဉ် စီစဉ်သူများက ဖောက်သည်များအား ယင်းကိစ္စမပြေလည်းမချင်း လေယာဉ်လက်မှတ်များကို ကြိုတင်မှာယူခြင်းမှ ရှောင်ကြဉ်ရန် အကြံပြုထားပါတယ်။ 

ဧည့်သည်များသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် မြောက်ကိုရီးယား သို့ အနောက်တိုင်း ခရီးသွားလုပ်ငန်းကို စတင်ပံ့ပိုးပေးခဲ့သော်လည်း ဧည့်သည်လာရောက်မှုများကို ကိုဗစ်ကူးစက်ရောဂါ မတိုင်မီကထက် ပိုမိုကန့်သတ်ထားပါတယ်။ မြောက်ကိုရီးယား ခရီးသွားဧည့်သည်များသည် အင်တာနက်နှင့် ဆယ်လူလာဖုန်းဝန်ဆောင်မှုများကို သုံးစွဲခွင့်မရှိကြပါ။  မြောက်ကိုရီးယားခရီးသွားလုပ်ငန်းကို မထင်မှတ်ဘဲ ရပ်ဆိုင်းလိုက်ခြင်းသည် ဧပြီ ၆ ရက် ပြုံယမ်းမာရသွန်ပြိုင်ပွဲမတိုင်မီ တစ်လအလိုတွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်ပါတယ်။ ကိုဗစ်ကပ်ရောဂါမဖြစ်မီက  မြောက်ကိုရီးယားသည် နိုင်ငံခြားခရီးသွား ၃သိန်းခွဲ ခန့်ကို နှစ်စဉ် လက်ခံခဲ့ပြီး ၉၀% မှာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ 


REF - UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)