အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး)ကျုံးတို့အား ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာဆန်းစစ်သုံးသပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး)ကျုံးတို့အား ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာဆန်းစစ်သုံးသပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 



ချမ်းအေးသာစံ , မတ် ၈


မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၊ အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင်အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး(စည်တိုပုံမြို့ရိုး) ကျုံးတို့အား ရှေးမူမပျက် ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာဆန်းစစ်သုံးသပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။


အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြား ရာတွင် အင်းဝမြို့ဟောင်းရှိ လောကသရဖူဘုရားကြီး၊ မဟာဇေယျပထ-မောင် အိုတံတားနှင့် အုတ်လမ်း၊ အင်းဝမြို့ဟောင်း ဒုတိယမြို့ရိုး (စည်တိုပုံမြို့ရိုး)ကျုံးတို့အား ရှေးမူမပျက် ရေရှည်ပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် လေ့လာဆန်းစစ်သုံးသပ်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖြစ်ပါကြောင်း၊ ယခင်အစည်းအဝေးမှ ဆောင်ရွက်ရမည့် ကဏ္ဍများအလိုက် မြေပြင်ကွင်းဆင်း လေ့လာသုံးသပ်တွေ့ရှိချက်များအား အချက်အလက် တိကျမှန်ကန်ပြည့်စုံစွာပြု စု၍ အမြန်ဆုံးတင်ပြသွားနိုင်ရေး၊ လုပ်ငန်းများချောမွေ့စွာ ပြီးမြောက်အောင်မြင်ရေးကို အလေးထားကာ ဌာနအချင်းချင်း ချိတ်ဆက်၍ ကဏ္ဍအလိုက် စီမံခန့်ခွဲမှုစနစ် အကောင်းဆုံးဖြင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို ပြောကြားခဲ့သည်။


၎င်းနောက် ဖွဲ့စည်းတာဝန်ပေးထားသည့်အဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များဖြစ်သည့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကဏ္ဍများအလိုက် လုပ်ငန်းဆောင်ရွက်ခဲ့ရာတွင် လေ့လာသုံးသပ်တွေ့ရှိချက်များ၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီးနောက် ဌာနဆိုင်ရာ တိုင်းဦးစီးမှူးများက လုပ်ငန်းဆောင်ရွက်နေမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မှုအစီအမံများ၊ ကြုံတွေ့နေသည့်အခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးချက်များနှင့် ရှင်းလင်းတင်ပြချက်များ အပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


ထွန်းထွန်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)