ချမ်းအေးသာစံ , မတ် ၈
သီရိလင်္ကာနိုင်ငံ၊ ကန္ဒီမြို့တွင် ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓမြတ်စွာဘုရား၏ လက်ဝဲအောက်စွယ်တော်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ရင်ငွေ့လှုံပူဇော်၍ ပင့်ဆောင်လာသည့် စွယ်တော်ပွားများအနက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ဘုရား ၃ ဆူတို့တွင် ကိန်းဝပ်ပူဇော်ထားရှိရန် စွယ်တော်ပွား ၃ ဆူအား မတ်လ (၇)ရက်နေ့နံနက်ပိုင်းက လှူဒါန်းခဲ့သည်။
ထိုသို့ လှူဒါန်းမှုအစီစဉ်တွင် အောင်မြေသာစံခရိုင် အောင်မြေသာစံမြို့နယ် နန်းမြို့ဆုတောင်းပြည့်စေတီတော်ရှိ ဆုတောင်းပြည့်မြတ်စွာဘုရား ဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်ပူဇော်ထားရှိရန် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်ကျော်ကိုထိုက်ထံသို့လည်းကောင်း၊ ရွှေကျီးမြင်ဘုရား လိုဏ်ဂူတော်အတွင်း ကိန်းဝပ်ပူဇော်ထားရှိရန် တိုင်းမှူးက ဂေါပကအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ရှိ မဟာရွှေသိမ်တော်ဆုတောင်းပြည့် မြတ်စွာဘုရား ဂန္ဓကုဋီတိုက်တွင် ကိန်းဝပ်ပူဇော်ထားရှိရန် တိုင်းဒေသကြီး သာသနာရေးမှူးက ဂေါကပအဖွဲ့ဥက္ကဋ္ဌထံသို့လည်းကောင်း လှူဒါန်းပေးအပ်ခဲ့ကြောင်းနှင့် အများပြည်သူ ဖူးမြှော်နိုင်ရန် လှူဒါန်းပူဇော်ထားကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment